🍁Daffodils_Extra.Epilogue

2.5K 50 5
                                    

Married Life Story:Happy Ever After

ထမင်းစားပြီးကလေးတွေကိုခဏဝင်ကြည့်ပြီး ဝရန်ဒါကိုထွက်လာခဲ့တော့ညဥ့်လေအေးက ဒီညမှထူးထူးခြားခြားဖြူးနေတယ်။
တီရှပ်လေးတစ်ထည်ပဲဝတ်ထားတာမို့ စိမ့်နေတဲ့လေနဲ့ဆိုတော့ ကြက်သီးလေးထချင်တယ်။လူဉီးရေအဆမတန်ထူထပ်နေတဲ့ မြို့ကြီးမှာ ဒီလိုလေစစ်စစ်နဲ့တူတဲ့လေကတိုက်လာခဲတာမို့ နွေဉီးမျက်နှာကိုမော့ထားရင်း လေအေးအေးလေးရဲ့ဖြတ်တိုက်ကျီစယ်မှုကိုခံယူနေလိုက်တယ်။

ကောင်းကင်ကိုမော့ကြည့်လိုက်တော့လဲ ကြယ်တွေလတွေစုံနေတာကိုတွေ့ရတာမို့ နွေဉီးမျက်နှာလေးပြုံးသွားရတယ်။
သူနဲ့မိုးပင်လယ် စပြီးရင်းနှီးခဲ့တာလဲ ကြယ်တွေစုံနေတဲ့ ည ခြုံလွှာအောက်မှာပဲ...လရောင်ပျပျအောက်မှာတောင် မိုးပင်လယ်ရဲ့မျက်ဝန်းညိုတွေက ကြယ်တွေနဲ့အပြိုင် တောက်ပနေတာကို သူမှတ်မိနေသေးတယ်။

စင်္ကြာဝဠာထဲက ကျောက်ခဲအပိုင်းအစတွေကဆုတောင်းပြည့်တာကိုသူနောက်ဆုံးတော့ အင်တင်တင်နဲ့လက်ခံလိုက်ရပြီ။သူ့ဆုတောင်းက ပြည့်သွားတယ်လို့ပြောရမှာပဲ..အချစ်ဉီးနဲ့လွဲခဲ့ပေမယ့် အချစ်စစ်နဲ့ဆုံခဲ့ရတာတော့အမှန်ပဲ။

"ဒီပေါ်မှာလေတိုက်သားနော်...ရော့!"

အလင်္ကာကဘေးမှလာရပ်ရင်း တစ်ဆက်ထဲ ကော်ဖီခွက်လို့ထင်ရတဲ့ခွက်တစ်ခုလှမ်းပေးတယ်။ယူလိုက်တော့တကယ်ပဲကော်ဖီခွက်...သေချာတာတော့ ဒီကော်ဖီခွက်က မိုးပင်လယ်ပေးလိုက်တာမဖြစ်နိုင်ဘူး။သူညဘက်ကော်ဖီမသောက်တတ်မှန်းသိလို့ ရေနွေးကြမ်းပဲပေးချင်ပေးမှာ...

"ကော်ဖီလား!"

"အင်း...ကိုယ်တိုင်ဖျော်လာတာ"

"သြော်..."

နွေဉီးရဲ့ နည်းနည်းအကြပ်ရိုက်သွားတဲ့ပုံစံကြောင့် အလင်္ကာက ပြုံးပြီး...

"ညဘက်ကော်ဖီမသောက်ဘူးလား"

"အင်း..အိပ်မပျော်တော့လို့...ကော်ဖီဖျော်တုန်းက မိုးပင်လယ်မပြောဘူးလား"

"ပြောတယ်...ကိုယ်ကကော်ဖီပဲတိုက်ချင်လို့"

အမ်!!နွေဉီးကြောင်သွားရပြန်ပါပြီ။အလင်္ကာဆိုတာလေးက ဘာလေးပါလိမ့်။တကယ့်ကို တကယ့်ကိုပဲ လူတစ်မျိုးဆိုတာကိုပဲနွေဉီးပြောနိုင်တော့တယ်။အေးလေ!တိုက်ချင်တော့လဲ သောက်ပေးရမှာပေါ့..ကလေးတွေအမေပဲဟာ...

?Daffodils[Complete]Where stories live. Discover now