🍁Daffodils အပိုင်း(၈)ချယ်ရီရင်ခုန်သံ

1.6K 58 0
                                    

🍁Daffodils:အပိုင်း(၈)ချယ်ရီရင်ခုန်သံ

မိုးပင်လယ် သူ့ မျက်စိရှေ့ကသက်ရှိချယ်ရီပွင့်လေးကို အိပ်ကပ်ထဲ ထည့်ပြီးသိမ်း ထားချင်မိတယ်။ကြာကြာကြည့်လေ နွေဉီးကမိုးပင်လယ်အတွက် ချစ်ဖို့ကောင်းလာလေပဲ..မဲဘာန်းကိုရောက်စက နွေဉီးကသူ့ကိုခပ်တန်းတန်းဆက်ဆံပေမယ့်လဲ၁နှစ်နီးပါးအလုပ်တွဲလုပ်လာတော့နည်းနည်း ရင်းနှီးလာပြီလို့ထင်ရတယ်။

ခုဆို "နွေဉီး" လို့လဲခေါ်ခွင့်ရသွားပြီ။အဲ့အတွက်တော့ အစ်ကိုနဲ့ ခေမီ့ကိုကျေဇူးတင်ရမယ်။သူတို့က "နွေဉီး"လို့ခေါ်နေကြလို့သာ သူလဲလိုက်ခေါ်ခွင့်ရှိလာတာမလား။သူ့ဟာနဲ့သူဆို ဆာဂျင်ကနေတောင်တက်လာမယ်မထင်မိဘူး။

ခရီးထွက်လာတာမို့ ဆံပင်စင်းစင်းလေးတွေကပွယောင်းယောင်းလေးဖြစ်နေတာတွေ...အအေးဒဏ်ကြောင့်နှာခေါင်းလုံးလုံးလေး နီနေတာတွေ...နီမြန်းနေတဲ့နှုတ်ခမ်းလေးတွေ...နားရွက်ဖျားလေးနီနေတာတွေ အကုန်လုံးက သူ့အတွက်ငေးကြည့်ချင်စရာဖြစ်နေတယ်။ယောင်္ကျားလေးတစ်ယောက်ကဒီလောက်ချစ်ဖို့ကောင်းနိုင်လားလို့ မိုးပင်လယ်ပြန်တွေးကြည့်တော့ သူချစ်ဖို့ကောင်းတယ်လို့ထင်တာ နွေဉီးတစ်ယောက်ပဲရှိတယ်ထင်တယ်။အစ်ကို့ (Dr.ကျော်ဇင်ထွဋ်)ကိုပဲကြည့်...မိုးပင်လယ် တွေးမိမိချင်းပဲ နှာခေါင်းရှုံ့ကာ ခေါင်းတစ်ခါခါဖြစ်သွားရတယ်။ယှဉ်တောင်မတွေးသင့်တာပဲ...sorry အစ်ကိုရေ...

ခဏနေတော့ ရွာခံလူကြီးက စကားသံဝဲဝဲနဲ့ မနက်စာစားဖို့လာဖိတ်တယ်။မနက်စာစားတော့လဲ မိုးပင်လယ် အကြည့်တွေကိုနွေဉီးဆီကခွာမထားနိုင်ဘူး။ခေါက်ဆွဲမျှင်တွေကိုစုတ်လိုက်တဲ့ နှုတ်ခမ်း အိအိလေးတွေ၊မျိုချလိုက်တိုင်းလှုပ်ရှားသွားတဲ့လည်စေ့လေး...အမှုမဲ့အမှတ်မဲ့ မိုးပင်လယ် တံတွေးတစ်ချက်မျိုချလိုက်မိတယ်။ခက်တော့နေပြီ...နွေဉီးဆီကနေသူအကြည့်ကိုမခွာချင်ဘူး။

နားသယ်စပ်မှာချွေးလေးတွေထွက်နေပါလား...

မိုးပင်လယ် သတိမထားမိခင်မှာပဲ လက်ကအလိုအလျောက်သူ့ရှေ့ မျက်စောင်းထိုးမှာထိုင်နေတဲ့ နွေဉီးကို တစ်ရှူးယူပြီးလှမ်းပေးလိုက်မိတယ်။

?Daffodils[Complete]Where stories live. Discover now