🍁Daffodils အပိုင်း(၂၂)နင်ကငါ့ပြိုင်ဘက်

3.2K 313 8
                                    

🍁Daffodils:အပိုင်း(၂၂)နင်ကငါ့ပြိုင်ဘက်

ဘသိန်းရဲ့ဆေးရုံစာအုပ်ကိုကိုင်ရင်း ဆေးရုံရောက်တော့နွေဦး တွေ့ချင်တဲ့လူကိုအရင်သွားရှာတယ်။

"ဒေါက်တာခေမီ့ကိုတွေ့မိလား"

နွေဦးရဲ့ အလောတကြီးပုံကို မမြင်ဖူးသလိုပုံမျိုးနဲ့ နပ်စ်မလေးက တခဏလောက်ကြောင်ကြည့်နေပြီးခါမှ ခွဲခန်းဘက်ကို လက်ညိုးညွှန်ပြီး...
"ဒေါက်တာခေမီ ခွဲခန်းဝင်နေတယ် ဆရာ..ဆရာဘာအရေးကြီးကိစ္စရှိ...."

"မရှိပါဘူး..ကျေးဇူးပဲ"

နွေဦးကိုယ့်စိတ်ကို ကိုယ်ငြိမ်အောင်ထိန်းထားပြီး နာ့စ်ရှေ့ကနေ ထွက်လာခဲ့တယ်။ဆေးရုံမှာ ရာထူးကြီးတစ်ယောက်ဖြစ်တဲ့ နွေဦးက စိတ်လိုက်မာန်ပါ တွေဖြစ်လို့မရဘူး။အဆင်မပြေဘူး..သူ့အတွက်ရော ခေမီ့အတွက်ရော..ဆေးရုံအတွက်ရောပေါ့။ရောဂါ အမည်တပ်တာက မှားယွင်းတတ်တာမျိုးဆိုတော့ နွေဦး အနေနဲ့ ကိုယ်ရေးကိုယ်တာခံစားချက်နဲ့သွားရောထွေးပြီး ပြဿနာကိုကြီးအောင်လုပ်ပစ်တာမျိုး မဖြစ်စေချင်ဘူး။

ရုံးခန်းရောက်တော့ လူနာChartမှာ ရေးနေတဲ့မိုးပင်လယ်က မော့ကြည့်ပြီးပြုံးပြလာတော့ သူ့စိတ်ထဲမှာ နည်းနည်းလေးတော့ အေးချမ်းသွားသလိုဖြစ်သွားရတယ်။ဒါပေမဲ့ နွေဦး ပြန်ပြုံးပြမိလား မပြုံးပြမိဘူးလားတောင် ကိုယ့်ကိုကိုယ် သတိမထားမိတော့ပဲ ဒီနေ့ရဲ့ ခွဲစိတ်စာရင်းကိုပဲကြည့်ချင်နေတယ်။ခွဲစိတ်စာရင်းကိုကြည့်ပြီး ခေမီဘယ်အချိန်အားမလဲဆိုတာပဲသိချင်နေတယ်။

လူတွေကစိတ်လှုပ်ရှားနေရင် အရမ်းသိသာတယ်။ဘယ်လိုပဲဖုံးဖိဖုံးဖိ သူတို့ရဲ့ အကြည့်တစ်ချက် လှုပ်ရှားမှုတစ်ခုနဲ့တင် ပေါ်နိုင်တာပဲ။ခုလဲနွေဦးရဲ့ အတင်းဖုံးဖိထားတဲ့ တည်ငြိမ်မှုက နွေဦး စားပွဲပေါ်မှာရှုပ်ယှက်ခတ်လောက်တဲ့ထိ ရှာနေမိတဲ့ ​နေ့စဥ်ခွဲစိတ်စာရင်းက မျက်စိရှေ့တည့်တည့်ရောက်နေတာတောင်မမြင်နိုင်ဘူး ဖြစ်နေတဲ့ နေရာမှာပေါ်တာပဲ။

နွေဦးရဲ့ ယောက်ယက်ခတ်နေတဲ့ လက်ကို နွေးထွေးတဲ့ လက်ကြီးကြီးသွယ်သွယ်က လာပြီးအုပ်ကိုင်လိုက်ပြီး...
"နွေဦး!ဘာရှာနေတာလဲ"

?Daffodils[Complete]Where stories live. Discover now