🍁Daffodils အပိုင်း(၃၂)မှားခဲ့တဲ့လူကကျွန်တော်မဟုတ်ဘူး

1.2K 52 9
                                    

"ဆရာ...အဝတ်အစားထုပ်ကိုဒီမှာထားခဲ့ပြီနော်...ထမင်းချိုင့်ကတော့ကျွန်တော်ခဏနေမှယူလာခဲ့ပေးမယ်"

"ကျေးဇူး ကိုကျော်ဉီး...ထမင်းချိုင့်ကမလောလဲရပါတယ်...သြော်ပြီးတော့ မနေ့က ထမင်းချိုင့်လေး ပြန်ယူသွားပါဉီး...ကျွန်တော်ဆေးပေးဖို့ အချိန်မရတော့လို့"

နွေဉီး အလုပ်စားပွဲကနေထပြီး စင်ပေါ်တင်ထားတဲ့ထမင်းချိုင့်ကိုယူကာကိုကျော်ဉီးလက်ထဲထည့်လိုက်တယ်။ကိုကျော်ဉီးက ထမင်းချိုင့်ကိုလက်နဲ့ ဆ ကြည့်ပြီး...
"ဆရာ...ထမင်းကစားရောစားထားရဲ့လား...မနေ့ကကျွန်တော်ယူလာတော့လဲ ဒီအလေးချိန်ပဲ"

နွေဉီး ဖွဖွလေးပြုံးပြီး...
"စားပါတယ်ဗျာ.."

"အကုန်တော့စားထားပုံမပေါ်ဘူး..ဟိုလေ ကျွန်တော့်အမျိုးသမီးချက်တာ ဆရာခံတွင်းမတွေ့လို့လား"

"မဟုတ်ပါဘူးကိုကျော်ဉီးရယ်...အစ်မချက်တာစားကောင်းပါတယ်...ကျွန်တော်မနေ့ကမအားလို့ "

"​သြော်ဟုတ်ကဲ့...ကျွန်တော့်ကိုခွင့်ပြုပါဉီး"

နွေဉီး ခေါင်းညိတ်ပြလိုက်တော့ ကိုကျော်ဉီးက စိတ်မကောင်းဖြစ်တဲ့မျက်လုံးတွေနဲ့ တစ်ချက်ကြည့်ပြီး ရိုရိုကျိုးကျိုးထွက်သွားတယ်။သူ အဲ့လိုအကြည့်တွေနဲ့နေသားကျသလိုတောင်ဖြစ်နေပြီ။လူနာChartမှာရေးစရာရှိတာတွေ လက်စသတ်လိုက်ပြီး ရေချိုးဖို့တွေးလိုက်တယ်။ညနေ၄နာရီက မဲဘာန်း ရဲ့နိုဝင်ဘာအတွက်ဆို ရေချိုးဖို့နောက်ကျနေပြီ။

နွေဉီး အဝတ်အစားအိတ်ကိုကိုင်ပြီး ကိုကျော်ဇင်ထွဋ်ကို ကြည့်လိုက်တော့ သူ့ကိုမျက်မှောင်ကျုတ်ပြီးကြည့်နေတယ်။သူ ထပ်အဆူခံရဉီးမယ်ထင်တယ်။

"ကိုထွဋ် ကျွန်တော်ရေသွားချိုးလိုက်ဉီးမယ်...အရေးတကြီးဆို ကျွန်တော်ဆေးရုံမှာပဲရှိနေမှာမို့...လာသာခေါ်..."

"နွေဉီး!!မင်းအိမ်မပြန်တော့ဘူးလား...ခုနိုက်ဂျုတီကိုအဆက်မပြတ်ဝင်နေတာ ဘယ်နှစ်လရှိနေပြီလဲ"

သူဘာမြှပန်မပြောပဲငြိမ်ငြိမ်လေးပဲရပ်ပြီးနားထောင်နေလိုက်တယ်။ပြန်ပြောစရာ ဆင်ခြေလဲသူ့မှာကောင်းကောင်းမွန်မွန်မရှိဘူး...သူအိမ်မပြန်ချင်တာပဲသိတယ်။သူငြိမ်နေတော့ ကိုထွဋ်ကပိုဒေါသထွက်လာပြီးအသံပိုကျယ်လာတယ်။

?Daffodils[Complete]Where stories live. Discover now