🍁Daffodils:အပိုင်း(၃)အိပ်နေတဲ့မင်းကဇန်နဝါရီကိုတောင်ပူစေတဲ့အစွမ်းရှိတယ်...
"ဒီဆေးရုံရဲ့အကြီးဆုံးဆရာဝန်ကိုခေါ်ပေး"
အမျိုးသမီးကြီးတစ်ဉီးရဲ့မာန်ပါပါအသံကိုကြားလိုက်ရလို့နွေဉီးခြေလှမ်းတွေလှမ်းနေရာကနေ တုံ့ခနဲဖြစ်သွားရတယ်။
ကိုထက်ဆီလာရင်း အရေးပေါ်ဌာနရောက်နေတယ်ဆိုလို့လိုက်လာခဲ့တာ...ပိုက်ဆံအတော်အသင့်ရှိဟန်တူတဲ့လူနာရှင်အမျိုးသမီးကြီးကလူနာကို ကိုထက်စမ်းသပ်တာလဲလက်မခံ မေးမြန်းတာကိုလဲလက်မခံဘဲ အကြီးဆုံးဆရာဝန်ကိုပဲအတင်းအကျပ်ခေါ်ခိုင်းနေတော့တယ်။နွေဉီး အခြေအနေကိုအကဲခတ်ကြည့်ရသလောက် လူနာကလဲ တစ်မိနစ်ဆိုတစ်မိနစ်ဆိုသလောက် အရေးကြီးနေတာမို့...
"ကျွန်တော်ကဒီဆေးရုံက ခွဲစိတ်အထူးကုပါ အဒေါ်...ဘာကိစ္စများရှိလို့ပါလဲခင်ဗျ"
လူနာရှင်ကနွေဉီးပြောစကားကိုမယုံသလိုမျက်စောင်းထိုးလိုက်ပြီးအကြီးဆုံးဆရာဝန်ကိုခေါ်ပေးလို့ချည်းဆက်ပြောနေတယ်။လူနာရှင်မသိတာက ခုချိန်မှာ အရေးကြီးတာက အကြီးဆုံးဆရာဝန်မဟုတ်ပဲ လူနာကိုစမ်းသပ်ခွင့်ပေးဖို့ပဲ။
နွေဉီး လူနာအတွက် စိတ်ပူပြီး လူနာရှင်ကိုစိတ်ပျက်တာကြောင့် သက်ပြင်းချမိတော့မိုးပင်လယ်ကဝင်ပြောတယ်။
"အဒေါ်ခင်ဗျ ဒီက ဒေါက်တာက ကျွန်တော်တို့ရဲ့ ဆာဂျင်ခင်ဗျ..ဆာဂျစ်ကယ် ဝါဒ် မှာတော့ ဒီဆရာဝန်ကရာထူးအကြီးဆုံးပဲခင်ဗျ..အန်တီယုံကြည်လို့ရပါတယ်"
ပြောပေမယ့်လဲ အချည်းအနှီးပါပဲ...လူနာရှင်အန်တီကြီးက ပိုတောင်ဒေါသထွက်သလိုဖြစ်သွားသေးတယ်။
"ငါက အကြီးဆုံးဆရာဝန်ကိုခေါ်ခိုင်းနေတာ ဘာလဲဆာဂျင်...ခေါ်သာပေးစမ်းပါ...ငါ့သမီးသာသေသွားရင်ငါအကုန်လုံးကိုဒီတိုင်းမထားဘူးနော်"
ရှင်းကာမှ ပွဲတွေပိုကြမ်းကုန်ပြီ။မိုးပင်လယ်ရဲ့မျက်နှာအီလည်လည်ဖြစ်သွားတာမြင်တော့ နွေဉီးစိတ်ရှုပ်တဲ့ကြားကရယ်ချင်သွားရသေးတယ်။
မိုးပင်လယ်ကို မျက်ရိပ်မျက်ခြေပြပြီး နွေဉီးချောင်းဟန့်လိုက်ကာ...
आप पढ़ रहे हैं
?Daffodils[Complete]
रोमांसတောင်ပေါ်ဒေသဆေးရုံတစ်ခုမှာတာဝန်ကျကြတဲ့ခွဲစိတ်ဆရာဝန်လေး၂ယောက်ရဲ့Love story ရိုးရိုးလေးပါပဲ... ဖြေးဖြေးငြိမ့်ငြိမ့်drama ဇာတ်လမ်းလေးတွေကြိုက်သူတွေအတွက်ပိုအဆင်ပြေမှာပါ...