🍁Daffodils အပိုင်း(၁၄)ဆောင်းဦး၏နေရာကွက်ကြားနွေးထွေးမှု

3.6K 359 8
                                    

🍁Daffodils:အပိုင်း(၁၄)ဆောင်းဦး၏နေရာကွက်ကြားနွေးထွေးမှု

နွေဦး OPD မှာထိုင်နေရတာ အရမ်းကိုပျင်းနေတယ်။OPDမှာ ထိုင်ရအောင်လုပ်တဲ့တရားခံကလဲ တစ်မိုးအောက်တစ်ယောက် မိုးပင်လယ်ပြာ ပါပဲ။မနက်နွေဦး ဆေးရုံရောက်တော့ ထုံးစံအတိုင်းခွဲစိတ်ရမယ့်စာရင်းကိုစစ်တယ်။ဒါပေမယ့်သူ့နာမည် ကchart တစ်ခုလုံး ဘယ်နေရာမှာမှပါမနေဘူး။မပါတာမှဒီနေ့တင်မဟုတ်ပဲ နောက်ရက်ထိပါမပါတာ။မသင်္ကာလို့OPD တာဝန်ကျတဲ့လူကိုကြည့်လိုက်တော့ မှ"ဒေါက်တာ နွေဦးဧရာ"ဆိုတဲ့ သူ့နာမည်ကိုတွေ့ရတော့တာ။

ဒါဘယ်တုန်းကလုပ်ထားတဲ့ စာရင်းလဲ..လက်ရေးနဲ့ရေးထားတဲ့ပုံစံအရတော့မိုးပင်လယ်ပဲ။ဘယ်အချိန်တုန်းက ဒီစာရင်းကိုလုပ်ထားတာလဲ..ဆေးရုံကိုလဲမိုးပင်လယ်ထက်အရင်နွေဦးအရင်ထွက်လာတာမို့မတွေးတတ်ဖြစ်နေရတယ်။နွေဦး ကြည့်နေတုန်းမှာပဲမိုးပင်လယ်က အပြုံးမြမြနဲ့အနားရောက်လာပြီး သူ့လက်ထဲက စာရင်းကိုငုံ့ကြည့်ကာ...
"ခွဲစိတ်စာရင်းမှာ နာမည်မတွေ့တော့ အလုပ်ထုတ်ခံရပြီထင်သွားတာလား"

ဟား!ထင်တဲ့အတိုင်း သူ့လက်ချက်ဖြစ်နေတာပဲ...နွေဦး စိတ်တိုတိုနဲ့မိုးပင်လယ်ဘက်သို့လှည့်ပြီး စာရင်းကို ကိုင်မြှောက်ပြရင်း...

"ကျွန်တော်က ဘာလို့ OPD မှာ၂ရက်ဆက်တိုက်လဲ..ခွဲစိတ်ဌာနက ဆာဂျင်မရှိဘဲ လုပ်တော့မလို့လား"

မိုးပင်လယ်ကလေသံပျော့ပျော့လေးနဲ့ပြန်ရှင်းတယ်။
"ကျွန်တော်က ဆာဂျင် ခြေထောက်မှာဒဏ်ရာရထားလို့ ခွဲစိတ်စာရင်းမှာ ဆာဂျင့်ကိုမထည့်ထားတာပါ"

"ကျွန်တော့်ကိုမထည့်ထားလဲ မထည့်ထားဘူးဆိုတဲ့အကြောင်း အကြောင်းကြားသင့်တာပေါ့ ကိုမိုးပင်လယ်..ကျွန်တော်က ဆာဂျင်ပါ ဒီခွဲစိတ်ဌာနမှာ တာဝန်အရှိဆုံးလူ...ကျွန်တော့်ကိုဆရာအကြောင်းကြားသင့်တာပေါ့"

နွေဦး စိတ်တိုကာ အသံမာမာနဲ့ပြောတော့ မိုးပင်လယ်က လေးလေးနက်နက်နားထောင်ပြီး...

"ဟုတ်ပါတယ်..ကျွန်တော်တောင်းပန်ပါတယ်..တကယ်တော့ ကျွန်တော်လဲပြောဦးမလို့ပါပဲ..ဒါပေမယ့်..."

?Daffodils[Complete]Where stories live. Discover now