🍁Daffodilsအပိုင်း(၅)မိတ်ဆွေဟောင်းနှင့်တွေ့ဆုံခြင်း

4.3K 407 4
                                    

🍁Daffodils:အပိုင်း(၅)မိတ်ဆွေဟောင်းနှင့်တွေ့ဆုံခြင်း

"သားရယ် ပြန်လာခဲ့ပါလား...အဲ့မှာရာသီဥတုကကြမ်းကကြမ်းနဲ့"

"ရပါတယ်မေမေရယ်...ကျွန်တော်ပြန်မလာချင်သေးဘူး"

"နေရေးထိုင်ရေးရော အဆင်ပြေတယ်မလား...မေမေလဲလိုက်လာချင်ပါတယ်...ဒါပေမဲ့"

"ကျွန်တော် အဆင်ပြေပါတယ်မေမေရဲ့...ကျွန်တော်ကလေးမဟုတ်တော့ပါဘူး"

"မိဘတွေအတွက်တော့ အမြဲ ကလေးပဲလေသားရယ်...ပြီးတော့မေမေအဓိကစိတ်ပူတာ အစားအသောက်ပဲ...ခေါက်ဆွဲပြုတ်တွေချည်းလဲစားမနေနဲ့"

"ဟုတ်ကဲ့ပါ..ခေါက်ဆွဲပြုတ်လဲစားချင်ရင်တောင် လွယ်လွယ်ကူကူမရှိပါဘူးမေမေရယ်"

"ဟုတ်ပါပြီ...သားပြန်လာချင်ပြန်လာလို့ရပြီနော် သူဒီမှာမရှိတော့ဘူး..ပြောင်းသွားတာ ၁နှစ်လောက်ရှိပြီ..တကယ်လို့ အစိုးရဆေးရုံမှာလုပ်လို့တွေ့မှာစိုးလဲ သားဦးလေးဆေးရုံရှိနေသားပဲ"

"အဲ့အကြောင်းကြောင့်ရယ်လဲမဟုတ်ပါဘူး..ကျွန်တော်ဒီမှာပျော်လို့...အချိန်တန်ရင်တော့ပြန်လာမှာပါ"

"အေးအေးဒါဆိုလဲမေမေဖုန်းချတော့မယ်..ကျန်းမာရေးဂရုစိုက်ဦးသားလေး"

"ဟုတ်မေမေရော"

နွေဦး ဖုန်းချလိုက်ပြီး ခေါက်ဆွဲပြုတ်ဖို့ရေနွေးအိုးတည်ထားလိုက်တယ်။ထမင်းဟင်းကြေးများတဲ့နွေဦးအဖို့ အစားအသောက်ကတော့ အနည်းနဲ့အများပြဿနာတက်နေတုန်းပဲ...စားပွဲပေါ်ကခေါက်ဆွဲထုပ်ကိုကြည့်ရင်းခေါက်ဆွဲထုပ်ဆန့်ကျင့်ရေးသမားကိုသတိရသွားတယ်။

"ဟဲ့နွေဦး နင်ခေါက်ဆွဲပြုတ်စားပြန်ပြီလား...နင်တော့ Hi-So ဖြစ်တော့မယ်"

"ဘာလဲ Hi-So" နွေဦး နားမလည်လို့ပြန်မေးရတယ်။

"High Sodiumလေ"

"ပေါက်ပေါက်ရှာရှာ နင်ပဲကြံကြံဖန်ဖန်..ဘယ်သူပြောတာကြားလာလဲ"

"ဒီလိုပဲ..တစ်ယောက်ယောက်ဆီကပေါ့..ပြီးတော့ အဲ့ဟာတွေက အရေပြားလေးဘက်နာတွေ..သွေးလေးဘက်နာတွေဖြစ်ဖို့ ပိုနီးစပ်စေတယ်..နင်ဆရာဝန်ပဲဖြစ်နေပြီဒါလေးတောင်မဆင်ခြင်နိုင်ဘူးလား"

?Daffodils[Complete]Where stories live. Discover now