🍁Daffodils အခန်း( ၆ )ရန်သူတော်၆ပါးမြောက်အားတွေ့ရြှိခင်း

1.8K 57 0
                                    

🍁Daffodils:အပိုင်း(၆)ရန်သူတော်ခြောက်ပါးမြောက်နှင့်တွေ့ဆုံခြင်း

"နွေဉီး"
ရွှင်ပျပျအသံနဲ့နှုတ်ဆက်လာသူကို နွေဉီး ပြန်ပြုံးပြနှုတ်ဆက်ပြီး မျက်နှာချင်းဆိုင်ထိုင်ခုံမှာဝင်ထိုင်လိုက်တယ်။ဒါပေမဲ့လဲသူရှောင်ချင်တဲ့လူက သူ့ဘေးကိုချက်ချင်းစွေ့ခနဲရောက်လာပြီး ယဉ်နေတဲ့လက်ကလက်မောင်းကိုဖျက်ခနဲရိုက်လိုက်သေးတယ်။

"နွေဉီး နင်ချောလာတယ်ဟ ဒီရေမြေနဲ့နင်အိုခေပုံပဲ"

အရင်လိုပေါ့ပေါ့ပါးပါးစကားပြောသံနဲ့တရင်းတနှီးအပြုအမူတွေ။သူ့စိတ်ထဲမှာတကယ့်ကိုအောင့်သက်သက်ပါပဲ...သူ့ကိုအမှတ်ကြီးတဲ့လူလို့ပြောရင်လဲခံရမှာပဲ။

အဲ့ဒါကြောင့်မို့...ခေမီဇူးဇန်!!ကျေးဇူးပြုပြီး အရင်ကလိုငါ့ကိုမဆက်ဆံပါနဲ့လား။ငါနင်နဲ့အရင်လိုပြန်ဖြစ်ဖို့အချိန်လိုနေသေးလို့။

ဒါပေမဲ့လဲ သူပြန်ပြောလိုက်တာက...."အေး..ဟုတ်မှာပေါ့"

တိတ်ဆိတ်သွားပြန်တယ်။ခေမီ ကသေချာပုံသွင်းထားတဲ့ကော်ဖီရင့်ရောင်ဆံနွယ်ကောက်လေးတွေကိုနားရွက်နောက်သိမ်းရင်း အခန်းထဲကိုမျက်လုံးဝေ့ကြည့်နေတယ်။ဆေးရုံအုပ်ကြီးက ရေးလက်စ စာအုပ်ကိုပိတ်လိုက်ရင်း...

"နွေဉီးရေ..ဒေါက်တာခေမီဇူးဇန်က ပညာပေးအစီအစဉ်အတွက်ရော အပြောင်းအရွှေ့အတွက်ပါလာခဲ့တာ"

"ဗျာ...အပြောင်းအရွှေ့!"

နွေဉီး တအံ့တသြ မေးမိရင်းခေမီ့ကို လှည့်ကြည့်လိုက်တော့ ပုခုံးတွန့်ရင်းမျက်ခုံးပင့်ပြတယ်။

"အေးလေကွာ...မင်းကတအားတွေအလုပ်ကြိုးစားတော့ ခုဆို ခွဲစိတ်လူနာတွေက ဟိုပုံးထိမသွားတော့ပဲ ဒီမှာပဲ ခွဲကြတော့တယ်လေ..အဲ့ဒါကြောင့် ငါတောင် လိုအပ်တဲ့ ပစ္စည်းတွေတောင်ထပ်မှာထားသေးတယ် အဲ့ဒါက နောက်အပါတ်ထဲရောက်မယ်ပြောတယ်နွေဉီး"

"ဟုတ်ကဲ့"

"ကဲ ခေမီ..ခေမီလို့ပဲခေါ်မယ်ကွာ သမီးရေ နွေဉီးက ခွဲစိတ်ဌာနမှာအကြီးဆုံးဆိုတော့ လိုအပ်တာသိချင်တာ သူ့ကိုသာမေး ဟုတ်ပြီလား!သူငယ်ချင်းအချင်းချင်းဆိုတော့အဆင်ပြေတယ်မလားနွေဉီး"

?Daffodils[Complete]حيث تعيش القصص. اكتشف الآن