🍁Daffofils _Epilogue.1

4.6K 301 1
                                    

•အပိုင်း(၄၆)Yes or Yap!

ကိစ္စတွေဖြစ်ပြီး၄ရက်လောက်ကြာတော့ ရှယ်ယာစျေးတွေပြန်ငြိမ်သွားပြီး သူ့လက်ထဲမှာ ရှယ်ယာ ၂၅ရာနှုန်းလောက်ရလိုက်တယ်။၂၅ ရာနှုန်းက မနည်းပေမယ့်များတယ်လို့မပြောနိုင်ပြန်ဘူး။သူ့အမေရဲ့ရှယ်ယာပိုင်ဆိုင်မှုက ၃၅ရာနှုန်းရှိပြီး ကုမ္ပဏီတစ်ခုလုံးမှာတော့ ရှယ်ယာအများဆုံးပဲ။ဒါတောင်နဂို ၄၀ရာနှုန်းကနေ ၃၅ရာနှုန်းထိကျသွားတာ။

နောက်သုံးရက်ကြာရင် နှစ်ကုန်တိုင်းလုပ်လေ့ရှိတဲ့ရှယ်ယာရှင်အစည်းအဝေးရှိတယ်။အဲ့အစည်းအဝေးမှာ သူ့အမေထက် ၁ရာနှုန်းလေးပဲများတဲ့ရှယ်ယာပိုင်ဆိုင်မှုရှိရင်တောင် သူကုမ္ပဏီမှာ ရာထူးအကြီးဆုံးဖြစ်ပြီး သူ့အမေကသူ့ကိုဖယ်ပေးရလိမ့်မယ်။အဲ့လိုဖယ်ပေးရတဲ့အတွက်လဲ သူ့အမေကသေချာပေါက် စိတ်ပျော်ရွှင်မှာမဟုတ်ဘူး ဆိုတာသူသိတယ်။

ဒါပေမယ့် စီးပွားရေးလောကရဲ့ဥပဒေက တောနက်ကြီးတစ်ခုရဲ့ဥပဒေနဲ့အတူတူပဲ။ဦးတဲ့လူစားမယ်..နောက်ကျတဲ့ကောင်ခံပဲ။သူနဲ့သူ့အမေနဲ့ ဒီလိုမျိုး သားရဲဆန်ဆန်ယှဥ်ပြိုင်လာရမယ့်နေ့ရောက်လာလိမ့်မယ်လို့ သူတွေးတောင်တွေးမထားခဲ့ဖူးဘူး။

သူ့အမေက မာနကြီးပြီးထိန်းချုပ်တတ်တဲ့ လူမျိုးဖြစ်တာမို့ သူကသာအသာတကြည်ပေးရင်ပေးမယ် သူများက သူ့ကိုကျောပြီး ယူသွားတာမျိုးဆိုသေချာပေါက် စိတ်ထဲမှာမကျေမနပ်ဖြစ်မှာပဲ။ယူသွားတဲ့လူက သူ့နေရာကိုတစ်နေ့ဆက်ခံရမယ်လို့ပြောတဲ့သူ့သားဖြစ်နေရင်တောင်မှပေါ့...

မိုးပင်လယ်အနေနဲ့က သူသာ ကုမ္ပဏီမှာနေရာရသွားရင် ကုမ္ပဏီ ရဲ့ဥက္ကဌတွေဘာတွေအသာထားလို့ ရလာမဲ့အကြီးမားဆုံးအကျိုးအမြတ်က သူ့အမေရဲ့ထိန်းချုပ်မှုအောက်ကနေ ထာဝရလွတ်မြောက်သွားတာပဲ။သူ့အမေ အတ္တရဲ့အကျဥ်းသားဖြစ်ရတာ နှစ်၃၀ကျော်ကျော်ဆိုလုံလောက်ပြီ။

ခုတော့ လိုနေတဲ့၁၀ရာနှုန်းကျော်ကိုဘယ်လိုလုပ်ရလဲသူအကြံအိုက်နေရတယ်။ဟိန်းထက်လျို့ဝှက်ယူလာပေးတဲ့
ရှယ်ယာရှင်စာရင်းကိုကြည့်လိုက်ရင် သူနဲ့သူ့အမေနီးပါး ရှယ်ယာပိုင်ဆိုင်မှုရှိတဲ့လူတစ်ယောက်ရှိတယ်။ဒါပေမယ့် ဘယ်သူမှန်းလဲမသိရဘူး။သူ့ကိုသူ့ဘက်ပါအောင် လုပ်နိုင်ရင် အဆင်ပြေမှာဆိုပေမယ့် ဘယ်လိုမှတောင်အစဆွဲထုတ်လို့မရဘူးဖြစ်နေတယ်။

?Daffodils[Complete]Where stories live. Discover now