🍁Daffodils အပိုင်း(၃၅)နာကျင်မှုထက်ပိုတဲ့နာကျင်မှု• • •

3.3K 314 25
                                    

မိုးပင်လယ် မိုးရေထဲမှာ အချိန်အတော်ကြာရပ်နေမိပြီး အေးခဲမတတ်ခံစားလာရမှ အမိုးအောက်ထဲပြန်ဝင်ပြီး သူ့အတွင်းရေးမှုးကိုလှမ်းခေါ်လိုက်တယ်။ခန္ဓာကိုယ်အပြင်ကသာအေးစက်နေတာ သူ့ရင်ထဲမှာတော့ မီးတောင်အကြီးကြီးတစ်ခုပေါက်ကွဲနေသလိုမျိုးခံစားနေရတယ်။ချော်ရည်ပူတွေစီးကျနေပြီး သူ့ကိုလောင်မြိုက်နေတယ်။

နွေဦးပြောတာဟုတ်တယ်!သူနဲ့ဘာမှမဆိုင်တော့ဘူး..ဆိုင်လို့လဲမရတော့ဘူး...ဒါပေမယ့် သူမှမနေနိုင်တာ...သူမှမခံစားနိုင်တာ...ဘယ်လိုလုပ်ရမလဲ။သူ့ရင်ထဲမှာ ခံစားချက်တွေက အရောရော အထွေးထွေးဖြစ်နေပြီးသူလုပ်သမျှအရာအားလုံးက အဓိပ္ပါယ်မဲ့နေတယ်။

ခဏနေတော့ သူ့အတွင်းရေးမှုးရောက်လာတော့ စိုရွှဲနေတဲ့သူ့ကိုကြည့်ပြီး...

"ဘော့စ် ဘာလို့အဲ့လောက်ထိစိုရွှဲနေရတာလဲ..."

ဘာမှပြန်မဖြေဘဲ ကားထဲမှာဝင်ထိုင်ပြီး ခေါင်းကိုနောက်လှန်ချကာမျက်လုံးကိုမှိတ်ထားလိုက်တော့လဲ သူ့လက်ကိုဆောင့်ရုန်းပြီးကားပေါ်တက်သွားတဲ့နွေဦးကိုပဲ ထပ်ခါထပ်ခါမြင်ယောင်နေတယ်။သူ့အတွင်းရေးမှုးကတော့ သူ့ကိုစိုးရိမ်လို့ထင်ပါတယ်...ရေသုတ်ဖို့ တဘက်၊စောင်တွေပေးလာတယ်။ဘေးမှာချပြီးဘာမှကိုလုပ်ချင်စိတ်မရှိတော့တာ...သူအအေးမိပြီးမသေနိုင်ပါဘူး။

"ဘော့စ်...ရေတွေသုတ်လိုက်ဦး"

"ဟိန်းထက်...မဲဘာန်းက ဗီလာကိုပဲမောင်းလိုက်..ငါ ဟိုပုံးကိုမပြန်သေးဘူး"

"ဟုတ်ကဲ့...ဒါပေမယ့်ဘော့စ် မနက်ဖြန်Resortမှာ ရင်းနှီးမြုပ်နှံသူတွေနဲ့ချိန်းထားပါတယ်"

"ငါသိတယ်!မနက်စောစောမှ ထသွားမယ်"

"ဟုတ်ကဲ့!ဘော့စ်...ရေတွေသုတ်လိုက်ပါဦး ...ကျွန်တော် ဟီတာကိုလဲ အပူချိန်မြှင့်ပေးမယ်"

သူခေါင်းညိတ်ပြီး ကားမှန်ရဲ့အပြင်ကိုပဲ အဓိပ္ပါယ်မဲ့ လှမ်းကြည့်နေမိတယ်။နွေဦးကို စိတ်ဒုက္ခပေးရရင် သူပျော်နေမယ်ထင်ထားတာ...သူ့စိတ်ထဲမှာနည်းနည်းလေးမှမပျော်ရွှင်ရဘူး။သူမနှစ်က သူ့အိမ်ကိုမပြန်လိုက်သင့်ဘူး...

?Daffodils[Complete]Where stories live. Discover now