🍁Daffodils အပိုင်း(၂၀)မေမေကကိုယ်တို့ကိုလက်ခံပေးမယ်တဲ့!!

3.6K 362 27
                                    

🍁Daffodils:အပိုင်း(၂၀)မေမေကကိုယ်တို့ကိုလက်ခံပေးမယ်တဲ့

မိုးပင်လယ်ကတော့နွေဦးကို ဆွဲဆောင်တော့မယ်လို့ပြောပြီးကတည်းက နည်းမျိုးစုံကိုထုတ်သုံးဖို့ကြံစည်နေတော့တာပါပဲ။သူ့နည်းတွေက သာမာန်လူတွေနဲ့မတူဘူးလို့လဲ ပြောလို့ရသလို တူတယ်လို့လဲပြောလို့ရတယ်။မတူတာကသူလိုက်နေတာက ငယ်ငယ်ရွယ်ရွယ် ကလေးမလေး မဟုတ်ဘဲ အသက်သုံးဆယ်အရွယ်ယောင်္ကျားတစ်ယောက်ဖြစ်နေပြီး တူတဲ့အချက်ကတော့ ဆယ်ကျော်သက်ကောင်လေးတွေကောင်မလေးကိုလိုက်သလို ရှိသမျှနည်း အကုန်ထုတ်သုံးပြီးသူ့ကိုလိုက်နေတာပါ။

ဆယ်တန်းကျောင်းသားတွေရည်းစားစာခိုးပေးသလို နွေဦးဂျုတီကုတ်ထဲမှာရည်းစားစာအတိုလေးတွေ ခိုးပြီးထည့်တာမျိုး...ညအိပ်ခါနီး မက်ဆေ့ချ်ကိုသတိတရပို့တာမျိုး...ချစ်ကြောင်းကြိုက်ကြောင်းကို နှစ်ကိုယ်ကြား မကြားတကြားစောင်းမြောင်းပြောတာမျိုး၊အတန်းထဲကကြိုက်နေတဲ့သူကိုခိုးခိုးကြည့်သလို ရုံးခန်းထဲမှာ ခိုးကြည့်တာမျိုးတွေပေါ့။နွေဦးစိတ်ထဲမှာတော့ တစ်ခါတစ်ခါရယ်ချင်စိတ်ဖြစ်လာတတ်ပေမဲ့အပတ်တကုတ်ကြိုးစားနေတာမြင်တော့လဲတစ်သိမ့်သိမ့်နဲ့ကြည်နူးရပြန်တယ်။

ဒီပုံအတိုင်းဆို သိပ်မကြာခင်မှာပဲ နွေဦး သူနဲ့ တွဲရမဲ့ပုံပေါ်နေတယ်။အခြားအကြောင်းတော့မဟုတ်ဘူး သူ့ကိုမိုးပင်လယ်လိုက်နေတယ်ဆိုတာကို သူတို့ဌာနတစ်ခုလုံးကသိနေပြီဖြစ်ပြီး မကြာခင်မှာဆေးရုံတစ်ခုလုံးအပြင် မဲဘာန်းတစ်မြို့လုံးတောင်သိတော့မလားမသိဘူး။ခေမီကတော့ အံတကြိတ်ကြိတ် မျက်စောင်းတခဲခဲပဲ..ဒါပေမဲ့ သူလဲ မတတ်နိုင်တဲ့ကိစ္စပဲလေ။

အဲ့လိုမျိုးတွေကြောင့်သူကတိုးတိုးတိတ်တိတ် Lowkeyလေးနဲ့ပဲ တွဲကြည့်ချင်သေးတာ။အခုလိုဆိုတော့အဲ့ကိစ္စကအဆင်ပြေမနေဘူး...တကယ်ဆိုရင် မိုးပင်လယ်ဆီက နွေဦးလိုချင်တာကတစ်ခုထဲရယ်။သူ့အမေကို ပွင့်ပွင့်လင်းလင်းပြောပြီး သူလိုချင်တဲ့ ဘဝတစ်ခုကိုအေးအေးဆေးဆေး ယူစေချင်တာပဲ။မိုးပင်လယ်ရဲ့ လက်တွဲဖော်ကသူမဖြစ်နိုင်ဘူးဆိုရင်တောင် မိုးပင်လယ်ရဲ့ အသက်ရှင်ရမဲ့ သက်တမ်းတစ်လျှောက်လုံးကို သူ့အမေရဲ့ ထိန်းချုပ်မှုအောက်မှာတော့အသက်ရှုမဝတဲ့ဘဝမျိုးနဲ့မနေစေချင်ဘူး။အဲ့ဒါကတကယ့်နွေဦးစိတ်ရင်းပဲ။

?Daffodils[Complete]Where stories live. Discover now