🍁Daffodils_Epilogue.2

4.7K 327 12
                                    

• Yesor Yap!

မိုးပင်လယ် ဟိုတယ်မှာတစ်ညပဲအိပ်ပြီး မဲဘာန်းကိုပြန်ဆင်းလာခဲ့ချင်ပေမယ့် ကုမ္ပဏီကြီးတစ်ခုရဲ့ဥက္ကဌတာဝန်က သူ့ကိုနေမထွက်ခင်ကတည်းက အလုပ်များစေတယ်။သူလိုက်မမီသေးတဲ့အလုပ်ကိစ္စတွေလဲအများကြီးရှိတာမို့ မရပ်မနားဆက်တိုက်လုပ်တာတောင် ၃ပါတ်လောက်ကြာသွားတယ်။နွေဦးဘေးမှာမရှိတဲ့ ၃ပါတ်က ၃ကမ္ဘာလောက်ကြာတာမို့ သူအရမ်းလွမ်းနေပြီ။

သူဖုန်းဆက်ဖို့ဖုန်းကိုဖွင့်ကြည့်လိုက်တော့ နွေဦးဆီကစာတစ်စောင်ဝင်ထားတယ်။ခွဲခန်းဝင်မှာမို့ သူမအားတဲ့အကြောင်း စာပို့ထားတာ။နှစ်ယောက်လုံး အလုပ်မအားကြတဲ့လူတွေမို့ စကားပြောရတာလဲ ပြတ်တောင်းပြတ်တောင်းရယ်။သူဒီအခြေအနေတွေကိုအဆုံးသတ်လိုက်ချင်ပြီ။

လည်ပင်းကနက်ကတိုင်ကို လက်နဲ့ဆွဲကာဖြေလျော့ရင်း ဟိန်းထက်ဆီကိုဖုန်းခေါ်လိုက်တယ်။

"ဟိန်းထက်...အပ်ထားတဲ့ပစ္စည်းရပြီလား"

"ရပြီဘော့စ်...ကျွန်တော်ကုမ္ပဏီကိုပဲယူလာပေးရမလား"

"အင်း...ဒီကိုပဲယူလာလိုက်..."

ခဏကြာတော့ တံခါးခေါက်သံကြားရပြီး ဟိန်းထက်ကအခန်းထဲဝင်လာတယ်။ပြီးတော့ ကတ္တီပါဘူးသေးသေးလေးကိုသူ့ဆီလှမ်းပေးတယ်။

"ဒီမှာပါဘော့စ်..စစ်ကြည့်လိုက်ပါဦး"

"အင်းထားခဲ့လိုက်...ခုတလောကုမ္ပဏီမှာမင်းခဏနေလိုက်...ငါမဲဘာန်းကို သွားမလို့"

"တစ်ယောက်ထဲအဆင်ပြေပါ့မလား"

"ပြေတယ်!"

ဟိန်းထက်က ခပ်ပြုံးပြုံးနဲ့ခေါင်းညိတ်ပြပြီး အခန်းထဲကထွက်သွားတယ်။မိုးပင်လယ် သူ့စားပွဲပေါ်က ကတ္တီပါဘူးလေးကို ယူပြီးဖွင့်ကြည့်လိုက်တော့ တစ်လက်လက်တောက်ပနေတ​ဲ့ အမျိုးသားဝတ်လက်စွပ်၂ကွင်းရှိတယ်။စိန်အပြာလေးနဲ့က နွေဦးအတွက်ဖြစ်ပြီး စိန်အဝါလေးနဲ့က သူ့အတွက်ဖြစ်တယ်။

ရှားပါးတဲ့ကျောက်မျက်အရည်အသွေးနဲ့ဒီဇိုင်းတွေအတွက် အဲ့ဒီ့ရတနာဆိုင်ကိုတော့ သူReviewကောင်းကောင်းပေးရမယ်။
လက်စွပ်လေး၂ကွင်းအတူယှဥ်လျက်ရှိနေတာတောင်တော်တော်လေး သဘောကျစရာကောင်းလို့ သူချက်ချင်းပဲနွေဦးလက်သူကြွယ်လေးမှာစွတ်ချပေးလိုက်ချင်ပြီ။နွေဦးရဲ့လက်သွယ်သွယ်လေးတွေနဲ့သာဆို ဘယ်လောက်လှလိုက်မလဲ...သူတွေးနေရုံနဲ့တင် အားမရတော့တာမို့ဘူးလေးကိုအဖုံးပြန်ပိတ်ပြီး ကုတ်အင်္ကျီအိတ်ထဲထည့်ကာ မတ်တပ်ရပ်လိုက်တယ်။

?Daffodils[Complete]Where stories live. Discover now