🍁Daffodils အပိုင်း(၃၇)နာကျင်ရမယ်ဆိုရင်တောင်အတူတူရှိချင်တယ်!

3.5K 268 13
                                    

"မိုးပင်လယ်..မင်း နွေဦးဧရာနဲ့ဆက်တွဲလို့မရဘူး"

မေမေ့အသံကတင်းမာပြတ်သားမှုအပြည့်...သူအမြဲမလွန်ဆန်နိုင်ခဲ့တဲ့ အသံမျိုး...

"ဘာဖြစ်လို့လဲ..မေမေပဲခွင့်ပြုပေးခဲ့တာမလား"

"ဟုတ်တယ်...ခွင့်ပြုပေးခဲ့တယ်...အဲ့တုန်းကမင်းကိုအပျော်သဘောခဏတွဲပါစေဆိုပြီးခွင့်ပြုပေးခဲ့တာ"

"ကျွန်တော် နွေဦးကိုအပျော်သဘောတွဲတာမဟုတ်ဘူးမေမေ ...ကျွန်တော် ဆရာဝန်ဆက်မလုပ်ရလဲဖြစ်တယ်..နွေဦးနဲ့တော့မပြတ်ဘူး"

"ရတယ်လေ...မင်းမေမေပြောတာကိုနားထောင်ပြီးမှ ဆုံးဖြတ်ချက်ချ...နွေဦးဧရာက မင်းအဖေရဲ့ မယားပါသား..သူ့အမေက မင်းဖေဖေကို မေမေတို့သားအမိဆီက လုသွားတာ"

"ဘာ!မယုံဘူး...ကျွန်တော်ဖေဖေ့ဆီသွားမယ် သေချာသွားမေးမယ်"

နောက်ကမေမေ့ရဲ့ အော်ဟစ်တားသံတွေကို မိုးပင်လယ် လစ်လျုရှုပြီး ကားသော့ကိုဆွဲယူပြီးမောင်းထွက်လာခဲ့တယ်။

/ဒုန်း!!/

ကျယ်လောင်တဲ့အသံနဲ့အတူ သူ့ကားလည်ထွက်သွားပြီး...သူ့မျက်နှာကို လေအိတ်ကရိုက်လာတယ်။ပြီးတော့တစ်ကိုယ်လုံး ထူပူလာပြီး သွေးနံ့တွေလှိုင်တက်လာတယ်။ပူနွေးတဲ့စီးကပ်ကပ်အရည်အချို့က သူ့နဖူးကနေစီးကျနေတယ်...ခေါင်းတွေကလဲတရိပ်ရိပ်နဲ့...သူ့ရှေ့တူရှုက မှုန်ဝါးဝါး ဖြစ်နေပြီ။

သူသေတော့မှာလား?

တစ်ယောက်ယောက်ကယ်ပေးကြပါဦး!

"အား!"
သူနာနာကျင်ကျင် အော်ပြီး မျက်လုံးကို ဖျတ်ခနဲဖွင့်ကာ ချက်ချင်းထထိုင်လိုက်တယ်။
သူ့ရင်အစုံက နိမ့်ချည်မြင့်ချည် နဲ့ လျင်လျင်မြန်မြန်လှုပ်ရှားနေတယ်။အသက်ရှုသံတွေပြင်းထန်နေပြီး ခုလေးတင်မှ သေရေးရှင်ရေးကလွတ်မြောက်လာသူလို ​ထိတ်လန့်မောပန်းနေတယ်။ခေါင်းအစခြေအဆုံးချွေးတွေနဲ့ ရွှဲနစ်နေပြီး မဲဘာန်းရဲ့အအေးဓာတ်ကသူ့အပေါ်အလုပ်မဖြစ်တော့ဘူး။

နံနက်၂နာရီ...
သူသက်ပြင်းကိုလေးလေးပင်ပင်ချလိုက်ပြီး သူ့မျက်နှာကို လက်ဖဝါးနှစ်ဖက်ကြား ထည့်ကာ ဖိပွတ်ပြီးဆံပင်တွေကိုပါဆွဲဖွပစ်လိုက်တယ်။

?Daffodils[Complete]Where stories live. Discover now