🍁Daffodils အပိုင်း(၁၁)လူသားဂျိုင်းထောက်ကြိုက်သလိုတွဲလို့ရတယ်

1.6K 59 0
                                    


🍁Daffodils:အပိုင်း(၁၁)လူသားဂျိုင်းထောက် ကြိုက်သလိုတွဲလို့ရတယ်

"အရမ်းနာသွားလား"

သူ့မေးခွန်းအဆုံးမှာ နွေဉီးခေါင်းလေးပဲညိတ်ပြလာတယ်။နွေဉီးကသူ့ကိုငုံ့ကြည့်နေတာမို့ မျက်တောင်ရှည်ရှည်လေးတွေကစင်းကျနေတယ်။ပါးမွတ်မွတ်လေးတွေကလဲ အစဉ်အလာမပျက် ပန်းရောင်ပြေးနေပြီး ဒီတစ်ခါတော့ နားရွက်ဖျားလေးတွေပါနီနေတာကို သူတွေ့နေရတယ်။

နွေဉီးကရှက်နေတာလား...

ရှက်သွေးနဲ့နီနေတဲ့နွေဉီးရဲ့နားရွက်ဖျားလေးကို သူအနီးကပ်မြင်ချင်လာတယ်။မိုးပင်လယ်ရဲ့လက်တစ်ဖက်က နွေဉီးခြေထောက်ကို ကြမ်းပြင်နဲ့မထိအောင်မထားပြီး လက်တစ်ဖက်က ထိုင်ခုံရဲ့နောက်မှီကိုလှမ်းထောက်လိုက်ကာ ကိုယ်လုံးကိုကြွပီး နွေဉီး မျက်နှာနားကိုတစ်ဖြည်းဖြည်းတိုးသွားလိုက်တယ်။

မျက်နှာချင်းနီးကပ်လာတဲ့ အနေအထားမှာ နွေဉီးရဲ့ဝင်သက်ထွက်သက် ကသူ့မျက်နှာကိုလာရိုက်ခက်နေပြီး သူ့ရဲ့ဝင်သက်ထွက်သက်ကလဲ နွေဉီး မျက်နှာကိုရိုက်ခတ်နေတယ်။သူကတစ်ဖြည်းဖြည်း ရှေ့ကိုတိုးလာပြီး နွေဉီးကတစ်ဖြည်းဖြည်းနောက်ကိုဆုတ်သွားကာ နွေဉီးရဲ့ကျောနဲ့ထိုင်ခုံနောက်မှီ ထိစပ်သွားချိန်မှာတော့ နှစ်ယောက်လုံးရဲ့ ရင်ဘက်တွေက ထိလုထိခင်...

ထူးဆန်းတဲ့အနေအထားကြီးကြောင့် နွေဉီး ရုတ်တရက်အသက်ရှုအောင့်ထားမိပြီး သူ့နှလုံးကလဲ တစ်ဒိန်းဒိန်းခုန်နေတာမို့ ထိုင်ခုံ လက်ရန်းကိုသာ ကျစ်ကျစ်ပါအောင်ကိုင်ထားမိတယ်။

နွေဉီး အနေခက်နေတာကိုမိုးပင်လယ်မြင်နေရပေမယ့်လဲ သူလုပ်နေတာကိုရပ်ဖို့စိတ်မကူးမိဘူး။သူဒီနေ့အဲ့ဒီ့နီတာရဲနားရွက်လေးတွေကို အနီးကပ်သေသေချာချာမြင်ရမြှဖစ်မှာ။ဒါပေမဲ့ သူ့အကြည့်တွေကိုလဲ နွေဉီးရဲ့ ရင်ခုန်စရာမျက်နှာလေးကနေမခွာနိုင်ဘူးဖြစ်နေပြန်တယ်။မိုးပင်လယ် မျက်လွှာချလိုက်တော့ နီမြန်းတဲ့နှုတ်ခမ်းလုံးလုံးလေးကိုတွေ့တယ်။နှုတ်ခမ်းလေးတွေက နားရွက်လေးထက် ပိုချစ်ဖို့ကောင်းတာကိုသိလိုက်ရချိန်မှာတော့ မိုးပင်လယ် စိတ်ကိုထိန်းမထားနိုင်တော့ဘူး။လွတ်ထွက်သွားတဲ့စိတ်ရဲ့အလိုကျ  သူ့မျက်နှာကတစ်ဖြည်းဖြည်းငုံကျလာတော့ နွေဉီးကချစ်စရာမျက်လုံးဝိုင်းလေးတွေကို မျက်ခွံအိအိလေးနဲ့ကြောက်လန့်တကြား ဖုံးချလိုက်တယ်။

?Daffodils[Complete]Where stories live. Discover now