🍁Daffodils အပိုင်း(၂၉)ကျွန်တော်နဲ့ခင်ဗျားချစ်သူတွေမှဟုတ်ရဲ့လား

1.3K 51 0
                                    

🍁Daffodils:အပိုင်း(၂၉)ကျွန်တော်နဲ့ခင်ဗျားချစ်သူတွေမှဟုတ်ရဲ့လား

မိုးပင်လယ် အဆက်မပြတ်ဝင်နေတဲ့မတ်ဆေ့ခ်ျတွေနဲ့ Miss callတွေကိုစိတ်ပျက်လက်ပျက်ထိုင်ကြည့်နေမိတယ်။သူ့ဖုန်းရဲ့Call Logတစ်ခုလုံးလဲနီရဲနေပြီ။သူ့အမေဇွဲကောင်းမှန်းသူသိပေမဲ့ ဒီလောက်လုပ်နေမယ်လို့မမျှော်လင့်ထားဘူး...သူနံပါတ်တစ်ခုကိုဘလော့ခ်လိုက်ရင် အခြားနံပါတ်တစ်ခု ..နောက်ထပ်ဘလော့ခ်ရင် နောက်ထပ်နံပါတ်တစ်ခု။

သူလောလောဆယ် သူ့အမေနဲ့စကားမပြောချင်သေးဘူး...ပြောလိုက်ရင်လဲ သေချာပေါက်သူနဲ့နွဉေီး စိတ်ချမ်းသာစေမဲ့အကြောင်းမဟုတ်လောက်ဘူးဆိုတာ သူခံစားမိနေတယ်။ခုဆို သူဘလော့ခ်ပစ်ရတဲ့ ဖုန်းနံပါတ်ပေါင်း အခုနှစ်ဆယ်ကျော်နေပြီ...ခေါ်နေတဲ့ရက်ပေါင်းကလဲ နှစ်ပါတ်ကျော်နေပြီ။

ဒါတောင် ခေမီကနေတစ်ဆင့် ခေါ်ခိုင်းတာတွေမပါသေးဘူး။မိုးပင်လယ် အသစ်ဝင်လာတဲ့နံပါတ်ကို Blacklistထဲထည့်ပစ်လိုက်ပြီး စိတ်ထဲကပဲသူ့မေမေကိုတောင်းပန်လိုက်တယ်။သူ့မွေးနေ့မှာ နွေဉီးနဲ့စိတ်လွတ်ကိုယ်လွတ် ပေါ့ပေါ့ပါးပါးလေးနေချင်တယ်။သူ့မွေးနေ့ရောက်ဖို့ ငါးရက်လောက်ပဲလိုတော့တာဆိုတော့။

ငါးရက်လောက်ပါပဲမေမေ ကျွန်တော့ကိုပျော်ခွင့်ပေးပါဉီး။

ဖုန်းကိုကြည့်ပြီးငိုင်နေတဲ့ မိုးပင်လယ်ကို နားနေခန်းရဲ့ပြတင်းပေါက်ကနေနွဉေီးတွေ့နေရတယ်။အခုတလောအဲ့လိုငိုင်ငိုင်နေတာကြာနေပြီ။သူ့ကိုတစ်ချိန်ချိန်မှာပြောပြလာမလားစောင့်နေရင်းနေ့ရက်တွေသာကြာသွားတယ် သူ့ကိုမပြောပြလာဘူး။
သူ့ရှေ့ရောက်ရင်တော့ ပုံမှန်အတိုင်းနေနေပေမဲ့ ကွယ်ရာရောက်တာနဲ့ ငိုင်နေတတ်တာ။

မိုးပင်လယ်ကိုငိုင်သွားပြီး စိတ်ဝိညာဉ်ပျောက်သလိုလုပ်နိုင်တာတစ်ယောက်ပဲရှိတယ်။မေမေချစ်သားလေး ကိုကြည့်ပြီးနွေဉီး မသက်မသာနဲ့သက်ပြင်းချမိပြီး သူ့အပေါ်ပွင့်လင်းတာရဲ့တစ်ဝက်လောက်မိုးပင်လယ် သူ့အမေအပေါ်ပွင့်လင်းရင်တောင် သားအမိဆက်ဆံရေးကပိုအဆင်ပြေလိမ့်မယ်လို့တွေးမိတယ်။

?Daffodils[Complete]Where stories live. Discover now