🍁Daffodils အပိုင်း(၄၅)ပထမဆုံးနှစ်ယောက်အတူရှိတဲ့ခရစ်စမတ်

5.5K 327 4
                                    

အေးမြတဲ့ခရစ်စမတ်မနက်ခင်းမှာ မဲဘာန်းဆေးရုံတစ်ခုလုံး မသိမသာလှုပ်လှုပ်ရွရွလေးဖြစ်နေတယ်။အထူးသဖြင့် ထွေကုဆောင်ဘက်မှာ...လူသွားလူလာတွေ ခပ်စိပ်စပ်နဲ့ အကုန်လုံးရဲ့မျက်နှာကလဲ အပြုံးတွေဖုံးမရဖိမရ။

ဆေးရုံမှာရက်နည်းနည်းလောက်နေပြီးနောက်မှာတော့ မိုးပင်လယ်ဆေးရုံကဆင်းလို့ရပြီဖြစ်တယ်။
ကျော်ဇင်ထွဋ် ပြုံးစိစိမျက်နှာထားနဲ့ မိုးပင်လယ်နားကိုကပ်ပြီး..

"ဘယ်လိုလဲ ကိုယ့်လူ ဒီတစ်ခါတော့ ကျင်ကြီးစွန့်ရာ ကျင်ငယ်ပါဆိုသလို ဆေးရုံလဲဆင်း အချစ်လေးနဲ့ပါအဆင်ပြေနေရော"

ကိုထွဋ့်စကားပုံကြောင့် သူ မျက်နှာကြီးရှုံ့တွသွားရတယ်။ပေါက်ပေါက်ရှာရှာလဲတယ်ပြောတတ်တဲ့ ကိုထွဋ်ပဲ..

"အစ်ကိုရာ ပြောစရာ စကားပုံအဲ့လောက်ရှားလား..."

"တမင်ရွေးပြောတာကွာ...ငါမနေ့ထဲက ဆီးချိုတက်နေလို့"

ကိုထွဋ်ရဲ့ ၄၀ရာနှုန်းလောက်မနာလိုသံစွက်နေတဲ့အသံကြောင့် မိုးပင်လယ်ကတော့ပြုံးပြီးခေါင်းခါရုံပဲတတ်နိုင်တော့တယ်။
ပြီးတော့ သူ့စကားပုံကြီးကဖြင့် ဘာကြီးမှန်းလဲမသိဘူး။ထားလိုက်ပါလေFAတွေဆိုတာကအဲ့လိုမျိုးပဲ ဆိုတော့...စိတ်ချမ်းသာသလိုနေပါ ပြောပါစေ။
ခုချိန်မှာ အကုန်ခွင့်လွှတ်ပေးနိုင်တယ်။

ဆေးရုံမှာက အကုန်လုပ်ဖော်ကိုင်ဖက်ဟောင်းတွေဖြစ်တဲ့အပြင် သူနဲ့နွေဦးအကြောင်းကိုသိကြပြီးသားတွေမို့ သူတို့ပြန်အဆင်ပြေသွားတာကိုပါ ဝမ်းသာနေကြတယ်။မဲဘာန်းဆေးရုံလေးရဲ့အရမ်းချစ်ဖို့ကောင်းတဲ့ အချက်ကအဲ့ဒါပဲ...နာကျင်မှုကိုလဲ မျှဝေခံစားပေးတတ်သလို ပျော်ရွှင်မှုကိုမျှဝေခံစားပေးတတ်တဲ့ သူငယ်ချင်းကောင်းလိုပဲ။

လာပြီးနှုတ်ဆက်ကြတဲ့လူတွေကုန်သလောက်ရှိသွားတောင် သူ့နွေဦးကပေါ်မလာသေးတာမို့ မိုးပင်လယ် လည်ပင်းတစ်ရှည်ရှည်ဖြစ်နေရတယ်။မသိရင် မင်္ဂလာဆောင်မှာ သတို့သားအလာကိုစောင့်နေရတဲ့ သတို့သမီးလိုပဲ...

"အစ်ကို...ဝါ့ဒ်မှာအော်ပရေးရှင်းရှိနေတာလား"

"အေး!"

?Daffodils[Complete]Where stories live. Discover now