🍁Daffodils အပိုင်း(၄၂)ပြဿနာကိုဖြေရှင်းဖို့ အမေကိုရန်စ!

3.6K 313 13
                                    

နွေဦးထွက်သွားပြီး မိုးပင်လယ်ရဲ့အခန်းထဲမှာ အေးစက်စက်နှင်းမုန်တိုင်းတစ်ခုအစပျိုးတော့မယောင်ဖြစ်ကျန်ခဲ့တယ်။ဖွင့်ထားတဲ့ Heaterရဲ့ အပူချိန်ကပျောက်ဆုံးနေပြီး အေးတိအေးစက်ကြီးခံစားနေရတယ်လို့ ဟိန်းထက်ထင်နေတယ်။

"မခေမီ မဲဘာန်းကိုဘယ်တုန်းကရောက်လဲခင်ဗျ"

ဟိန်းထက်ကရိုရိုသေသေမေးလိုက်ပေမယ့် ခေမီဆီက စိတ်မရှည်တဲ့ခေါ်သံတစ်ခုပဲထွက်လာတယ်။မျက်နှာက ရေခဲပြင်လို တင်းမာနေတဲ့ ခေမီ့ကို အဒ်ဒမ်ခုံပေါ်မှာလက်ပိုက် ခြေချိတ်ထိုင်ပြီး ခပ်တည်တည်ထိုင်ကြည့်နေလိုက်တယ်။ခေမီဇူးဇန် နဲ့သူနဲ့က ကမ္ဘာအဆက်ဆက်က မတည့်ခဲ့သလားလို့မှတ်ရလောက်တဲ့အထိ တစ်ယောက်နဲ့တစ်ယောက်မုန်းကြတာ။သူတို့မြို့ကို ခေမီ အလည်လာရင် ခေမီ သူနဲ့ ရန်မဖြစ်ဘဲပြန်သွားရတဲ့ အခေါက်ဆိုတာမရှိဘူး။

ခုလဲ ဒီအရှုပ်ထုပ်မကို ဘယ်သူကပင့်ခေါ်လိုက်ပြန်လဲမသိရဘူး...ဒင်းရောက်လာမှ သူ့အစ်ကိုလဲ ကိုမာဝင်ရုံတင်မကဘူး တစ်ခါထဲ သေသွားရင်ဒုက္ခ!

"ဟိန်းထက်!"

ခေါ်သံကိုကအထက်စီးက...အဒ်ဒမ် ထိုင်ကြည့်နေရင်းသူဝင်ပါရမဲ့အချိန်ကို စောင့်နေလိုက်တယ်။

"ဟုတ်ကဲ့ မခေမီ"

ဟိန်းထက်ကတော့ လက်ကိုယှက်ပြီးခေါင်းကိုငုံ့ထားတယ်...ဒီကောင်ကလဲ ဘာကိုကြောက်နေတာလဲ...ငါသာဆိုရင်တော့..
အဒ်ဒမ်တွေးရင်း အသဲယားလာတယ်။

"ဟိန်းထက် နင်က ကိုကို့ရဲ့ Personal Asနော်...ငါကသူ့ရဲ့ဇနီးလောင်း...ဒီလိုဖြစ်နေတာကို နင်ကငါ့ကိုဘာလို့မပြောတာလဲ...ငါကဘာလို့ သူများပြောမှသိရတာလဲ"

"• • •"

"ဟဲ့ ဘာလို့ပြန်မဖြေတာလဲ"

ခေမီ့အသံက ကျယ်လာတာမို့ သူနှာခေါင်းရှုံ့လိုက်တယ်။သူဝင်ပါမှရတော့မယ်။တတ်သည့်ပညာမနေသာဆိုသလိုပေါ့...

"ကျစ်!ဆူညံနေတာပဲ...အော်ချင်ရင် ကိုယ့်ဟာကို စဥ့်အိုးရှာပြီးခေါင်းစိုက်ပြီးအော်..ငါ့အစ်ကိုနားမှာ လာမအော်နဲ့ ပြီးတော့ကိုယ့်အသံလေးကိုယ်ထိန်းဦး!နင့်ကိုဘယ်သူမှ ဆရာဝန်လို့တောင်ထင်မှာမဟုတ်ဘူး.."

?Daffodils[Complete]Where stories live. Discover now