🍁Daffofilsအပိုင်း(၃)အိပ်နေတဲ့မင်းကဇန်နဝါရီကိုတောင်ပူစေတဲ့အစွမ်းရှိတယ်

5.3K 482 1
                                    

🍁Daffodils:အပိုင်း(၃)အိပ်နေတဲ့မင်းကဇန်နဝါရီကိုတောင်ပူစေတဲ့အစွမ်းရှိတယ်...

"ဒီဆေးရုံရဲ့အကြီးဆုံးဆရာဝန်ကိုခေါ်ပေး"

အမျိုးသမီးကြီးတစ်ဦးရဲ့မာန်ပါပါအသံကိုကြားလိုက်ရလို့နွေဦးခြေလှမ်းတွေလှမ်းနေရာကနေ တုံ့ခနဲဖြစ်သွားရတယ်။

ကိုထက်ဆီလာရင်း အရေးပေါ်ဌာနရောက်နေတယ်ဆိုလို့လိုက်လာခဲ့တာ...ပိုက်ဆံအတော်အသင့်ရှိဟန်တူတဲ့လူနာရှင်အမျိုးသမီးကြီးကလူနာကို ကိုထက်စမ်းသပ်တာလဲလက်မခံ မေးမြန်းတာကိုလဲလက်မခံဘဲ အကြီးဆုံးဆရာဝန်ကိုပဲအတင်းအကျပ်ခေါ်ခိုင်းနေတော့တယ်။နွေဦး အခြေအနေကိုအကဲခတ်ကြည့်ရသလောက် လူနာကလဲ တစ်မိနစ်ဆိုတစ်မိနစ်ဆိုသလောက် အရေးကြီးနေတာမို့...

"ကျွန်တော်ကဒီဆေးရုံက ခွဲစိတ်အထူးကုပါ အဒေါ်...ဘာကိစ္စများရှိလို့ပါလဲခင်ဗျ"

လူနာရှင်ကနွေဦးပြောစကားကိုမယုံသလိုမျက်စောင်းထိုးလိုက်ပြီးအကြီးဆုံးဆရာဝန်ကိုခေါ်ပေးလို့​ချည်းဆက်ပြောနေတယ်။လူနာရှင်မသိတာက ခုချိန်မှာ အရေးကြီးတာက အကြီးဆုံးဆရာဝန်မဟုတ်ပဲ လူနာကိုစမ်းသပ်ခွင့်ပေးဖို့ပဲ။

နွေဦး လူနာအတွက် စိတ်ပူပြီး လူနာရှင်ကိုစိတ်ပျက်တာကြောင့် သက်ပြင်းချမိတော့မိုးပင်လယ်ကဝင်ပြောတယ်။

"အဒေါ်ခင်ဗျ ဒီက ဒေါက်တာက ကျွန်တော်တို့ရဲ့ ဆာဂျင်ခင်ဗျ..ဆာဂျစ်ကယ် ဝါဒ် မှာတော့ ဒီဆရာဝန်ကရာထူးအကြီးဆုံးပဲခင်ဗျ..အန်တီယုံကြည်လို့ရပါတယ်"

ပြောပေမယ့်လဲ အချည်းအနှီးပါပဲ...လူနာရှင်အန်တီကြီးက ပိုတောင်ဒေါသထွက်သလိုဖြစ်သွားသေးတယ်။

"ငါက အကြီးဆုံးဆရာဝန်ကိုခေါ်ခိုင်းနေတာ ဘာလဲဆာဂျင်...ခေါ်သာပေးစမ်းပါ...ငါ့သမီးသာသေသွားရင်ငါအကုန်လုံးကိုဒီတိုင်းမထားဘူးနော်"

ရှင်းကာမှ ပွဲတွေပိုကြမ်းကုန်ပြီ။မိုးပင်လယ်ရဲ့မျက်နှာအီလည်လည်ဖြစ်သွားတာမြင်တော့ နွေဦးစိတ်ရှုပ်တဲ့ကြားကရယ်ချင်သွားရသေးတယ်။

မိုးပင်လယ်ကို မျက်ရိပ်မျက်ခြေပြပြီး နွေဦးချောင်းဟန့်လိုက်ကာ...

?Daffodils[Complete]Where stories live. Discover now