🍁Daffofilsအပိုင်း(၂)မိုးကမင်းကိုခေါ်လာတယ်

2.9K 89 1
                                    

🍁Daffodils:အပိုင်း(၂)မိုးကမင်းကိုခေါ်လာတယ်...

"အမြဲတမ်းအဲ့လိုပဲ"

အိမ်ရောက်တဲ့အထိနွေဉီးစိတ်ထဲ မကျေနပ်ချင်။ဘာကိုမကျေနပ်တာလဲဆိုတာလဲသူကိုယ်တိုင်တောင်ရေရေရာရာမသိ...ထီးယူလာပေးတာကိုလား. . .ထီးပိုင်ရှင်ကိုလား. . .ကိုယ့်ကိုကိုယ်လားကိုမသိတော့။တစ်ခုခုဆိုခံစားချက်မထားတာ ကြာနေပြီမို့ ကိုယ့်ခံစားချက်တောင်ကိုယ်သေချာမသိတဲ့ လူအဖြစ်ကိုရောက်နေပြီလား မပြောတတ်။

မကျေမနပ်စိတ်များကခြေထောက်ကိုလာပွတ်ချွဲတဲ့ကြောင်မလေးဖိုးဝါ ကြောင့် ခဏတာလွင့်စင်သွားရတယ်။

"ဖိုးဝါ သမီးလေး ဖေ့ကိုလွမ်းလို့လား...ဖေကလဲလွမ်းနေတာသိလား...သမီးလေးကို  ဘဘသိန်းထမင်းကျွေးသေးလား"

နွေဉီးကကောက်ချီပြီး စကားပြောတော့ ဖိုးဝါလေးက ညှောင် ညှောင်ပြန်ပြောတာကို နွေဉီးမှာ သဘောကျမဆုံး..သူ့ရဲ့နေ့စဉ်ဘဝထဲမှာ ဖိုးဝါသာမရှိရင် ခုထက်ပိုပြီးခြောက်ကပ်နေတော့မှာ သေချာတယ်။

ဖိုးဝါရဲ့ခေါင်းလေးကိုပွတ်သတ်ပေးရင်းဖိုးဝါလောက်တောင် နွေဉီးအပေါ်သံယောဇဉ်မရှိခဲ့သူကိုတွေးမိပြီးဝဲဘက်ရင်ကတဖျဉ်းဖျဉ်းနာကျင်လာတယ်။ဖိုးဝါရဲ့ သခင်ထက် ဖိုးဝါလေးကမှ သူ့အပေါ်သံယောဇဉ်ရှိသေးတယ်။ခံစားချက်ဆိုတာမျိုးကအချိန်တွေကြာပေမဲ့လဲ ခံရတဲ့လူအဖို့ကသတိရတိုင်းနာကျင်ရတာချည်းမလား။
ကြွေးယူတဲ့လူကမေ့သွားပေမယ့် ကြွေးပိုင်ရှင်က သတိရသလိုမျိုးပေါ့...

"သြ..သားနြွေပန်လာပြီလား"

"ဟုတ် ဘသိန်း...ဒီည ညဂျူတီတော့မရှိဘူး ဒါပေမဲ့ လာခေါ်ရင်တော့လိုက်ရမှာပဲ"

"အေးပါ မိုးတွေစိုလာတယ်မလား...ဖိုးဝါကိုခဏချထားဉီး...ရေမိုးချိုးဖို့အရင်လုပ်...စကားတွေပြောနေလိုက်တာ မသိတဲ့လူကြားရင် သားနွေကတိတ်တိတ်လေး ကလေးမွေးထားတယ်ထင်တော့မယ်"

ဘသိန်းစကားကြောင့် နွေဉီး ဟက်ဟက်ပက်ပက်ပြုံးကာ..
"ဟုတ်တာပဲလေ ကျွန်တော့်သမီးလေးပဲနော့..သမီးလေးရယ်..သြော် ဘသိန်းနားချင်နားတော့နော်ဖိုးဝါကို ကျွန်တော်ထမင်းစားရင်ကျွေးလိုက်မယ်"

?Daffodils[Complete]Where stories live. Discover now