🍁Daffodils အပိုင်း(၂၁)ချစ်သူတွေဘာတွေလုပ်ကြလဲ!!

3.6K 330 2
                                    

🍁Daffodils:အပိုင်း(၂၁)ချစ်သူတွေဘာလုပ်ကြလဲ

ချစ်သူတွေဘာလုပ်ကြလဲ။ပိုပြီးတိတိကျကျမေးရရင် လုပ်ဖော်ကိုင်ဖက်ချစ်သူတွေဘာလုပ်ကြလဲ။

အဲ့မေးခွန်း၂ခုလုံးကိုသာနွေဦးကိုလာမေးရင်တော့ မေးတဲ့လူသေချာပေါက်စိတ်ညစ်သွားမှာအပြင် ဘာမှကိုရှိမှာမဟုတ်ဘူး။နွေဦးအဲ့ဒီ့အကြောင်းအရာနဲ့ပတ်သတ်ပြီး ခေါင်းစားနေတာ တစ်လနီးပါးရှိခဲ့ပြီ။အမှန်တကယ်ကို သူနဲ့မိုးပင်လယ်တွဲနေကြတယ်ဆိုတာကို မိုးပင်လယ်ရဲ့အပြုအမူတွေကြောင့်သာမေ့မသွားတာ..သူ့လိုလူမျိုးချည်းသာဆို အချင်းချင်းနာမည်တောင်မှတ်မိပါ့မလားလို့တောင်တွေးချင်စရာပဲ။

သူကသာခေါင်းစားနေတာ မိုးပင်လယ်ကတော့ မနက်ဆို မနက်စာပြင်ပြီးသား...သွားတိုက်တံမှာတောင်သွားတိုက်ဆေးအသင့် ထည့်ပေးပြီးသား။ပြီးတော့ နွေဦး အိပ်ယာထဖို့ နောက်ကျနေရင်သူ့နဖူးလေးကို ဖွဖွလေး နမ်းပြီးနိှုးတတ်သေးတာ...သူလဲ စစချင်းတော့ ရှက်သလိုလိုဖြစ်နေပေမဲ့ ခုနောက်ပိုင်းတော့ မိုးပင်လယ်ဆီက Morning kissမှမရရင်မထချင်တော့သလိုဖြစ်နေပြီ။

လူတွေဘာကြောင့် အိမ်ထောင်ပြုကြသလဲဆိုတာကိုလဲ ရေးရေးလေးသဘောပေါက်စပြုလာတယ်။မနက်ခင်းမှာ ဇနီးလေးက အနမ်းလေးနဲ့လာနိှုးပြီး အဆင်သင့်ပြင်ထားတဲ့သွားတိုက်တံနဲ့ အဆင်သင့်ပြင်ထားတဲ့  မနက်စာနဲ့...ပြီးရင်အတူတူအလုပ်သွား။နွေဦးကျေနပ်လွန်းအားကြီးလို့မျက်နှာမှာတောင်အပြုံးတွေဖုံးမရတော့ဘူး။

ဟိုဟိုဒီဒီလျှောက်တွေးနေတုန်းမှာ တံခါးခေါက်သံကြားလိုက်တာကြောင့်နွေဦး အိပ်ယာဘေးက Listerine ဘူးကိုမြန်မြန်ဆွဲဖွင့်ပြီး ပါးစပ်ထဲထည့်လိုက်တယ်။ဘာရယ်တော့မဟုတ်ပါဘူး... မနက်ခင်းလေးမှာမွှေးနေရင်အကောင်းဆုံးပဲမလား..ခဏနေတော့မိုးပင်လယ် သူ့အခန်းထဲဝင်လာတယ်။  မိုးပင်လယ်အခန်းထဲဝင်လာတာကိုနွေဦး အိပ်ယာထဲမှာလှဲနေရက်နဲ့ပဲလှမ်းကြည့်နေလိုက်တယ်။

တစ်ချက်ထဲကြည့်ရုံနဲ့တင်ပြောနိုင်တဲ့အချက်က သူ့ရည်းစား မိုးပင်လယ်က အမိုက်စားဆိုတဲ့အချက်ပဲ။မြင့်မားတဲ့ အရပ်..အမြဲပြုံးနေတတ်တဲ့မျက်နှာ..ဆံပင်မဲမဲ ထူထူလေးတွေ..လည်ပင်းသွယ်သွယ်နဲ့ကျယ်ပြန့်တဲ့ ပခုံး ပြီးတော့ချပ်ကပ်နေတဲ့ ဗိုက်သားတွေ...

?Daffodils[Complete]Dove le storie prendono vita. Scoprilo ora