မိုးပင်လယ် မိုးရေထဲမှာ အချိန်အတော်ကြာရပ်နေမိပြီး အေးခဲမတတ်ခံစားလာရမှ အမိုးအောက်ထဲပြန်ဝင်ပြီး သူ့အတွင်းရေးမှုးကိုလှမ်းခေါ်လိုက်တယ်။ခန္ဓာကိုယ်အပြင်ကသာအေးစက်နေတာ သူ့ရင်ထဲမှာတော့ မီးတောင်အကြီးကြီးတစ်ခုပေါက်ကွဲနေသလိုမျိုးခံစားနေရတယ်။ချော်ရည်ပူတွေစီးကျနေပြီး သူ့ကိုလောင်မြိုက်နေတယ်။
နွေဉီးပြောတာဟုတ်တယ်!သူနဲ့ဘာမှမဆိုင်တော့ဘူး..ဆိုင်လို့လဲမရတော့ဘူး...ဒါပေမယ့် သူမှမနေနိုင်တာ...သူမှမခံစားနိုင်တာ...ဘယ်လိုလုပ်ရမလဲ။သူ့ရင်ထဲမှာ ခံစားချက်တွေက အရောရော အထွေးထွေးဖြစ်နေပြီးသူလုပ်သမျှအရာအားလုံးက အဓိပ္ပါယ်မဲ့နေတယ်။
ခဏနေတော့ သူ့အတွင်းရေးမှုးရောက်လာတော့ စိုရွှဲနေတဲ့သူ့ကိုကြည့်ပြီး...
"ဘော့စ် ဘာလို့အဲ့လောက်ထိစိုရွှဲနေရတာလဲ..."
ဘာမြှပန်မဖြေဘဲ ကားထဲမှာဝင်ထိုင်ပြီး ခေါင်းကိုနောက်လှန်ချကာမျက်လုံးကိုမှိတ်ထားလိုက်တော့လဲ သူ့လက်ကိုဆောင့်ရုန်းပြီးကားပေါ်တက်သွားတဲ့နွေဉီးကိုပဲ ထပ်ခါထပ်ခါမြင်ယောင်နေတယ်။သူ့အတွင်းရေးမှုးကတော့ သူ့ကိုစိုးရိမ်လို့ထင်ပါတယ်...ရေသုတ်ဖို့ တဘက်၊စောင်တွေပေးလာတယ်။ဘေးမှာချပြီးဘာမှကိုလုပ်ချင်စိတ်မရှိတော့တာ...သူအအေးမိပြီးမသေနိုင်ပါဘူး။
"ဘော့စ်...ရေတွေသုတ်လိုက်ဉီး"
"ဟိန်းထက်...မဲဘာန်းက ဗီလာကိုပဲမောင်းလိုက်..ငါ ဟိုပုံးကိုမပြန်သေးဘူး"
"ဟုတ်ကဲ့...ဒါပေမယ့်ဘော့စ် မနက်ဖြန်Resortမှာ ရင်းနှီးမြုပ်နှံသူတွေနဲ့ချိန်းထားပါတယ်"
"ငါသိတယ်!မနက်စောစောမှ ထသွားမယ်"
"ဟုတ်ကဲ့!ဘော့စ်...ရေတွေသုတ်လိုက်ပါဉီး ...ကျွန်တော် ဟီတာကိုလဲ အပူချိန်မြှင့်ပေးမယ်"
သူခေါင်းညိတ်ပြီး ကားမှန်ရဲ့အပြင်ကိုပဲ အဓိပ္ပါယ်မဲ့ လှမ်းကြည့်နေမိတယ်။နွေဉီးကို စိတ်ဒုက္ခပေးရရင် သူပျော်နေမယ်ထင်ထားတာ...သူ့စိတ်ထဲမှာနည်းနည်းလေးမှမပျော်ရွှင်ရဘူး။သူမနှစ်က သူ့အိမ်ကိုမပြန်လိုက်သင့်ဘူး...
YOU ARE READING
?Daffodils[Complete]
Romanceတောင်ပေါ်ဒေသဆေးရုံတစ်ခုမှာတာဝန်ကျကြတဲ့ခွဲစိတ်ဆရာဝန်လေး၂ယောက်ရဲ့Love story ရိုးရိုးလေးပါပဲ... ဖြေးဖြေးငြိမ့်ငြိမ့်drama ဇာတ်လမ်းလေးတွေကြိုက်သူတွေအတွက်ပိုအဆင်ပြေမှာပါ...