🍁Daffodils အပိုင်း(၁၁)လူသားဂျိုင်းထောက်ကြိုက်သလိုတွဲလို့ရတယ်

3.9K 406 7
                                    

🍁Daffodils:အပိုင်း(၁၁)လူသားဂျိုင်းထောက် ကြိုက်သလိုတွဲလို့ရတယ်

"အရမ်းနာသွားလား"

သူ့မေးခွန်းအဆုံးမှာ နွေဦးခေါင်းလေးပဲညိတ်ပြလာတယ်။နွေဦးကသူ့ကိုငုံ့ကြည့်နေတာမို့ မျက်တောင်ရှည်ရှည်လေးတွေကစင်းကျနေတယ်။ပါးမွတ်မွတ်လေးတွေကလဲ အစဥ်အလာမပျက် ပန်းရောင်ပြေးနေပြီး ဒီတစ်ခါတော့ နားရွက်ဖျားလေးတွေပါနီနေတာကို သူတွေ့နေရတယ်။

နွေဦးကရှက်နေတာလား...

ရှက်သွေးနဲ့နီနေတဲ့နွေဦးရဲ့နားရွက်ဖျားလေးကို သူအနီးကပ်မြင်ချင်လာတယ်။မိုးပင်လယ်ရဲ့လက်တစ်ဖက်က နွေဦးခြေထောက်ကို ကြမ်းပြင်နဲ့မထိအောင်မထားပြီး လက်တစ်ဖက်က ထိုင်ခုံရဲ့နောက်မှီကိုလှမ်းထောက်လိုက်ကာ ကိုယ်လုံးကိုကြွပြီး နွေဦး မျက်နှာနားကိုတစ်ဖြည်းဖြည်းတိုးသွားလိုက်တယ်။

မျက်နှာချင်းနီးကပ်လာတဲ့ အနေအထားမှာ နွေဦးရဲ့ဝင်သက်ထွက်သက် ကသူ့မျက်နှာကိုလာရိုက်ခက်နေပြီး သူ့ရ​ဲ့ဝင်သက်ထွက်သက်ကလဲ နွေဦး မျက်နှာကိုရိုက်ခတ်နေတယ်။သူကတစ်ဖြည်းဖြည်း ရှေ့ကိုတိုးလာပြီး နွေဦးကတစ်ဖြည်းဖြည်းနောက်ကိုဆုတ်သွားကာ နွေဦးရဲ့ကျောနဲ့ထိုင်ခုံနောက်မှီ ထိစပ်သွားချိန်မှာတော့ နှစ်ယောက်လုံးရဲ့ ရင်ဘက်တွေက ထိလုထိခင်...

ထူးဆန်းတဲ့အနေအထားကြီးကြောင့် နွေဦး ရုတ်တရက်အသက်ရှုအောင့်ထားမိပြီး သူ့နှလုံးကလဲ တစ်ဒိန်းဒိန်းခုန်နေတာမို့ ထိုင်ခုံ လက်ရန်းကိုသာ ကျစ်ကျစ်ပါအောင်ကိုင်ထားမိတယ်။

နွေဦး အနေခက်နေတာကိုမိုးပင်လယ်မြင်နေရပေမယ့်လဲ သူလုပ်နေတာကိုရပ်ဖို့စိတ်မကူးမိဘူး။သူဒီနေ့အဲ့ဒီ့နီတာရဲနားရွက်လေးတွေကို အနီးကပ်သေသေချာချာမြင်ရမှဖြစ်မှာ။ဒါပေမဲ့ သူ့အကြည့်တွေကိုလဲ နွေဦးရဲ့ ရင်ခုန်စရာမျက်နှာလေးကနေမခွာနိုင်ဘူးဖြစ်နေပြန်တယ်။မိုးပင်လယ် မျက်လွှာချလိုက်တော့ နီမြန်းတဲ့နှုတ်ခမ်းလုံးလုံးလေးကိုတွေ့တယ်။နှုတ်ခမ်းလေးတွေက နားရွက်လေးထက် ပိုချစ်ဖို့ကောင်းတာကိုသိလိုက်ရချိန်မှာတော့ မိုးပင်လယ် စိတ်ကိုထိန်းမထားနိုင်တော့ဘူး။လွတ်ထွက်သွားတဲ့စိတ်ရဲ့အလိုကျ သူ့မျက်နှာကတစ်ဖြည်းဖြည်းငုံကျလာတော့ နွေဦးကချစ်စရာမျက်လုံးဝိုင်းလေးတွေကို မျက်ခွံအိအိလေးနဲ့ကြောက်လန့်တကြား ဖုံးချလိုက်တယ်။

?Daffodils[Complete]Where stories live. Discover now