🍁Daffodils အပိုင်း(၃၆)ဖုန်တွေအမှိုက်တွေပါတဲ့လေပွေတစ်ခုပဲ!

3.3K 319 26
                                    

အပြန်အလှန်ဒေါသတကြီးအော်ဟစ်ပြီးတဲ့နောက်မှာတော့ အခြေအနေကပြန်ပြီးငြိမ်သက်သွားပြန်တယ်။အိမ်ထဲမှာအသက်ရှုသံတွေကလွဲပြီး အကုန်တိတ်ဆိတ်သွားကာ သူတို့နှစ်ယောက်ကြားက လေထုကလဲအေးစက်နေတယ်။အရင်တုန်းက သူတို့နှစ်ယောက်ရှိနေရုံနဲ့ အချစ်အငွေ့အသက်လေးတွေနဲ့ နွေးထွေးခဲ့တဲ့အိမ်က အခုတော့ တောထဲကရေခဲမြစ်တစ်စင်းလို အေးစက်တိတ်ဆိတ်နေတယ်။

နွေဦးခုတော့ လွန်ခဲ့တဲ့နှစ်က မိုးပင်လယ် ပြန်မလာရတဲ့အကြောင်းအရင်းကိုသဘောပေါက်သွားပြီ။
မိဘတွေရဲ့အကြောင်းကိစ္စကြောင့်နဲ့ သူ့အသဲလေးကတော့ကွဲလက်စကနေထပ်ကွဲသွားပါတယ်။အစိတ်စိတ်အမွှာအမွှာပဲမို့ ဘယ်လိုနည်းနဲ့မှကောက်ယူလို့တောင်မရတော့ဘူး။

မတရားလိုက်တာ...သူ့အတွက်တော်တော်လေးကိုမတရားပါဘူး။တကယ်ဆို မိဘတွေရဲ့အကြောင်းနဲ့သူတို့နဲ့က အဝေးကြီးမဟုတ်ဘူးလား။

သူနဲ့မိုးပင်လယ်ရဲ့အချစ်ခရီးလမ်းကလဲခုတော့ဘာအကမ်းအလှမ်းမှကိုမမြင်ရတော့ဘူး။ပင်လယ်ထဲမှာရှိနေတဲ့အသူရာချောက်နက်ကြီးထဲ ကျသွားတဲ့ ကျောက်စရစ်ခဲလေးလို ပဲ...သေချာတာတော့ မိုးပင်လယ်ကိုသူဘယ်လောက်ချစ်ချစ် လက်လွှတ်ကိုလွှတ်ပေးရမှာပါ။

ဘာဖြစ်လို့လဲဆိုတော့ မိုးပင်လယ်ကသူ့အမေကိုအရမ်းချစ်တဲ့ သားလိမ္မာလေးဖြစ်တဲ့အပြင် သူလက်ကိုလက်ခံရမယ့်အချက်က သူ့အဖေရဲ့မယားပါသား ဖြစ်တဲ့သူနဲ့ဘယ်လိုနည်းနဲ့မှ လက်တွဲမှာမဟုတ်ဘူးလေ။မိုးပင်လယ်ရဲ့နေရာမှာသူဆိုရင်တော့ မိဘတွေရဲ့ အကြောင်းကိစ္စတွေက သူတို့နဲ့ဘာမှမဆိုင်တာမို့ သူချစ်တဲ့လူကိုစွန့်လွှတ်မှာမဟုတ်ဘူး။

မိုးပင်လယ်ပြာဆိုတဲ့ သူ့ချစ်ရသူက သူ့လိုသတ္တိမရှိဘူးထင်ပါတယ်။အတူတူလက်တွဲပြီး ဖြေရှင်းရမယ့်အစား သူ့ကိုစွန့်လွှတ်ဖို့ကိုပဲရွေးချယ်ခဲ့တယ်။အဲ့လိုစိတ်ပျက်စရာလူကို သူခုထိချစ်နေမိတုန်းမလို့သူကိုယ်သူပိုစိတ်ပျက်နေမိတယ်။

"ခင်ဗျားမပြန်သေးဘူးလား...ဘာပြောစရာရှိသေးလို့လဲ"

ခုထိမပြန်သေးဘဲ ဆက်ထိုင်နေတဲ့ မိုးပင်လယ်ကို မေးလိုက်တယ်။သူ လူပင်ပန်းစိတ်ပင်ပန်းဖြစ်နေပြီ။အိပ်ဆေး၃လုံးလောက်ပါးစပ်ထဲပစ်ထည့် အရာအားလုံးကိုမေ့ပစ်ပြီးတုံးတစ်ခုလို မလှုပ်မယှက်အိပ်ပစ်လိုက်ချင်ပြီ။

?Daffodils[Complete]Where stories live. Discover now