🍁Daffodils အပိုင်း(၁၆)Goodnightနော်နွေဦးအိပ်မက်လှလှ မက်ပါစေ

3.6K 357 1
                                    

🍁Daffodils:အပိုင်း(၁၆)ဂွတ်နိုက်နော်နွေဦး အိပ်မက်လှလှမက်ပါစေ

မိုးပင်လယ်ကအိမ်ရှင်းနေရင်း လက်ထဲမှာကိုင်ထားတဲ့ကြက်မွှေးကို ချပြီး နွေဦးဘေးကိုလာထိုင်တယ်။နွေဦး လဲစာဖတ်နေရင်းကနေတစ်ချက်ပ​ဲမျက်လုံးစွေကြည့်ပြီး ဖက်လက်စကိုဆက်ဖတ်နေလိုက်တယ်။ခဏနေတော့ မိုးပင်လယ်ဆီကခေါ်သံထွက်လာတယ်။

"နွေဦး!!"

နွေဦး ပြန်မထူးမိဘူး။မထူးတော့ထပ်ခေါ်တယ်။

"နွေဦး..ကိုယ့်ကိုရေလေးတစ်ခွက်လောက်ခပ်ပေးပါလားကွာ"

"ကိုယ့်ဘာသာသွားသောက်ပါလားဗျ"

"ကိုယ့်လက်တွေကဖုန်တွေနဲ့ညစ်ပတ်နေတယ်လေ..ဒီမှာကြည့်လက်တင်မဟုတ်ဘူး တစ်ကိုယ်လုံးပဲ"

မိုးပင်လယ်က ဖုန်တွေပေနေတဲ့သူ့လက်တွေကို နွေဦးရှေ့ကိုထိုးပြရင်း သက်သေထူတယ်။နွေဦး သက်ပြင်းကိုဆောင့်ကြီးအောင့်ကြီးချလိုက်ရင်း...
"အဲ့ဒါကြောင့်ခင်ဗျားကို ဘယ်သူရှင်းခိုင်းလို့လဲ..သူ့ဟာသူရှင်းပြီး ဖုန်ပေတော့ညည်းနေပြီ"

နွေဦး စာအုပ်ကိုစားပွဲခုံပေါ်တင်လိုက်ပြီး မတ်တပ်ထကာ ရေကရားရှိရာကို လမ်းလျှောက်သွားရင်း ပွစိပွစိပြောတော့ မိုးပင်လယ်စောဒကမတက်ပဲ ပြုံးပြုံးကြီးနားထောင်တယ်။စောဒကသာမတက်တာပါ..ရေခွက်ကိုလှမ်းပေးတော့လဲ လက်ပေနေတယ် ဆိုတဲ့ အကြောင်းပြချက်နဲ့နွေဦးကကလေးတွေကိုတိုက်သလိုမျိုးကိုင်တိုက်ရပြန်ရော။

ဒီလူ့ကို ဟိုတနေ့ကသူဘာကြောင့်ရင်ခုန်သွားလဲ သူမသိတော့ဘူး။သနားသွားတာပဲဖြစ်မှာပေါ့ ခုတော့ ထုရိုက်ချင်စိတ်တွေပဲဖြစ်နေတော့တာ။

ဖြစ်နေတာလဲသူ့အလွန်လို့မထင်ပါဘူး။အဲ့အဖြစ်အပျက်ဖြစ်ပြီးတ​ဲ့နေ့ကစပြီး မိုးပင်လယ်ကသူ့ကို အလုပ်အသေးအဖွဲလေးတွေကိုကြုံသလိုခိုင်းနေတော့တာ။လူကြီးတွေက ကလေးလေးတွေကို ခိုင်းသလိုမျိုးလေ။

သူဟင်းချက်ရင်လဲ ကြုံရင်အသီးအရွက်ကူလှီး ကူထွင်ရတယ်။ခြံထဲမှာအမှိုက်ကူရှင်းရတယ်။ကဲ!အဲ့ဒါတွေကထားတော့...သူရေလဲပုဆိုးကျန်ခဲ့လို့ယူပေးရသေးတာတော့...လွန်သွားပြီ!

?Daffodils[Complete]Where stories live. Discover now