🍁Daffodils_Extra.4

3.5K 246 6
                                    

Married Life Story:ပွဲကြိုက်တဲ့ကလေးတို့မေမေ

"တွေ့ရတာဝမ်းသာပါတယ် နွေဦးဧရာ...ကိုယ့်နာမည် သွန်းအလင်္ကာ...အမြွှာလေးတွေအမေရင်း...ဒီလောက်ဆို ကိုယ့်ကိုသိလောက်ပါပြီနော်"

နွေဦး​တောင့်ခဲခံရသလိုဖြစ်သွားပြီးခဏတာလောက်ကြောင်အသွားရတယ်။သွန်းအလင်္ကာကတော့အသံလွင်လွင်နဲ့ ရယ်နေရင်း...

"ကိုယ့်ကိုမမှတ်မိတာတော့ လွန်တာပေါ့...ကိုယ့်ပုံစံကအဲ့လောက်တောင်သာမာန်ဆန်တာလား!ဟင်!..သြော်..ဟုတ်သားပဲ ကိုယ်​မေ့နေတာ အဲ့တုန်းကကိုယ် Maskတပ်ထားတာကို"

သွန်းအလင်္ကာကတော့ သူ့ဟာသူမေး သူ့ဟာသူဖြေနဲ့ ဟန်ကျနေပေမယ့် နွေဦးကတော့ဘယ်လိုမှကိုအဆင်ပြေမနေဘူးဖြစ်နေတာကြောင့် စကားရောဖောရောတောင်မလုပ်မိဘူး။နွေဦး ချောင်းတစ်ချက်ဟန့်လိုက်ပြီး...ကမ်းထားတဲ့လက်ကိုဆုတ်ကိုင်လိုက်တယ်။ပြီးတော့ တည်ငြိမ်အောင် အတင်းလုပ်ယူလိုက်ရတဲ့အသံနဲ့ ...

"တွေ့ရတာဝမ်းသာပါတယ် သွန်းအလင်္ကာ အမြဲတမ်းတွေ့ချင်နေခဲ့တာပါ"
လိမ်တာတစ်ဝက် အမှန်တရား တစ်ဝက်ပါတဲ့စကားကိုနွေဦး ​ပြောလိုက်တယ်။အမြဲတမ်းတွေ့ချင်နေတာက အမှန်တရားဖြစ်ပြီး တွေ့ရတာကိုတော့ သူတကယ်ကိုဝမ်းမသာနိုင်ဘူး။

စိတ်လှုပ်ရှားသွားတဲ့ မျက်နှာအနေအထားကိုတော့ အတတ်နိုင်ဆုံး ထိန်းချုပ်ထားပေမယ့် သွန်းအလင်္ကာရဲ့လက်ကိုကိုင်လိုက်တဲ့ သူ့လက်တွေအေးစက်မနေဖို့တော့ သူ မထိန်းချုပ်နိုင်လိုက်တော့ သွန်းအလင်္ကာရဲ့မျက်နှာမှာ အံ့ြသတဲ့အရိပ်လေးခပ်ပါးပါးဖြတ်ပြေးသွားတယ်။

"နွေဦး...လက်တွေအေးစက်နေပါလား!ကိုယ်ရောက်လာတာကိုလန့်သွားတာလား"

နွေဦးခေါင်းညိတ်လိုက်ပြီး လက်ကိုပြန်ရုတ်ယူလိုက်တော့ သွန်းအင်္လကာ ကပြန်ဆွဲထားပြီး...

"လန့်သွားတာလားလို့ ပြောဦးလေ"

"နည်းနည်း!ရုတ်တရက်ကြီးဆိုတော့"

"အင်း...ကိုယ်ထင်ပါတယ်...မလန့်ပါနဲ့ ကိုယ်ကကိုက်မစားပါဘူး ဟင်းဟင်း"

?Daffodils[Complete]Où les histoires vivent. Découvrez maintenant