About

70.6K 1.9K 113
                                    

((Zawgyi))

အချစ်​ဆုံးတို့​ရေ....

နေမကောင်းဖြစ်နေတုန်း ဟိုလှန်ဒီလှန်နဲ့ ဒါလေးတွေ့လာလို့ပါ။ ကိုယ်တိုင်က ကလဲ့စားချေတာတို့၊ ရှိုက ကုန်ကို ပြန်ချေတာတို့ဆို သဘောကျတတ်လို့ ဒီ novel လေးရဲ့ Description ကို ဘာသာပြန်ပေးလိုက်ပါတယ်။ 😁😁

"အစားထိုးခံရှို​လေးအဖြစ်မှ သေချင်ယောင်ဆောင်ပြီးနောက်"

A stand-in shou after faking dead

(Author: Salted Fish and Watermelon)

[About]

👾👾👾
ရွှီချန်ရန်သည် ဟယ်မိသားစုသခင်လေး၏ ထားရာနေ၊ စေရာသွားဘဝ​ဖြင့် အချိန်ငါးနှစ်ကြာ သူ့ကို အမြဲတမ်း အလိုလိုက် အကြိုက်ဆောင်ခဲ့သည်။

ဟယ်ရန်က သူ့အပေါ် အမြဲတမ်း အေးစက်စက် ဆက်ဆံခဲ့တာတောင် ရွှီချန်ရန်ဘက်ကတော့ လိုလိုလားလား ပျော်ရွှင်ဝမ်းမြောက် နေခဲ့သည်။

သူ့အတွေးထဲမှာတော့ သူသာ ဟယ်ရန်၏ နှလုံးသားထဲက ချစ်ရသူတစ်ယောက်အဖြစ်ရှိနေလျှင် အရာရာ ကျေနပ်ပြီဖြစ်သည်။ သူက တစ်နေနေ့မှာ အဲ့ဒီရေခဲတုံးကြီးလို အေးစက်သည့်လူကို အရည်ပျော်စေနိုင်လိမ့်မည်ဟု ထင်ခဲ့သည်။

တစ်ရက်မှာတော့ ဟယ်ရန် စိတ်ထဲက အဖြူရောင်လရိပ်လေးက တရုတ်ပြည်သို့ ပြန်ရောက်လာသည်။

ရွှီချန်ရန်သည် သူ့အပေါ် အမြဲလိုလို အေးစက်စက်နိုင်ခဲ့သည့် ယောက်ျားက ထိုအဖြူရောင် လရိပ်လေးအပေါ်မှာတော့ အထူးတလည် နွေးထွေးညင်သာသည်ကို သူ့မျက်စိနှင့် တပ်အပ်မြင်ခဲ့ရသည်။

ထိုအခိုက်မှာ ရွှီချန်ရန်သည် မိမိသည် အစားထိုးလူတစ်ယောက်သာဖြစ်ကြောင်း သိရှိလိုက်ရသည်။ ရေခဲတုံးကြီးက အရည်ပျော်ခဲ့လေပြီ။ သို့သော် ထိုသို့ အရည်ပျော်ကျေ​အာင် လုပ်ခဲ့သူကတော့ သူမဟုတ်ခဲ့ပေ။

ရွှီချန်ရန်သည် မခံစားနိုင်သည့်အဆုံး နောက်ဆုံးမှာ အမြင်မှန်ရသွားသည်။ သူက ထိုလူနှင့် လမ်းခွဲလိုက်ပြီး ကိုယ့်အထုပ်ကိုယ်သိမ်းကာ အိမ်ကထွက်ခဲ့သည်။

ဟယ်ရန် အိမ်ကိုပြန်ရောက်သည့်အခါ လူမရှိတော့သည့် တိုက်ခန်းလွတ်ကြီးကို မြင်တော့ ပြုံးရုံသာ ပြုံးခဲ့သည်။ နောက်ပြီး သူက သူ့အပေါင်းအဖော်တွေနဲ့တောင် ရွှီချန်ရန်က ငါးရက်အတွင်း ပြန်လာလိမ့်မည်ဟုပင် အလောင်းအစားလုပ်ခဲ့သည်။

အစားထိုးခံရှို​ေလးအဖြစ်မှ သေချင်ယောင်ဆောင်ပြီးနောက် (မြန်မာဘာသာပြန်)Where stories live. Discover now