အပိုင်း (၁၆)

8.2K 1K 107
                                    

((Zawgyi))

အပိုင်း (၁၆)
လျှောက်မစဉ်းစားနဲ့

👾👾👾

ဟယ့်ရန်သည် ရွှီချန်ရန့်၏ကျောပြင်ကို ငေးစိုက်ကြည့်နေရင်းက မြန်မြန်အကြည့်လွှဲလိုက်ကာ ထွက်သွားဖို့ပြင်လိုက်သည်။

အနားရှိ ရှန်ရှိုးကျူသည် ခုနက မြင်ကွင်းကို ပြန်မြင်ယောင်ရင်း ပြုံးလိုက်၏။

"တိုက်ဆိုင်လိုက်တာ။ အကျီတူနေပြန်ပြီ"

ဟယ့်ရန်က ဘာမှပြန်မပြောဘဲ ကားဆီသို့် ပြန်လာသည်။

ရှန်ရှိုးကျူက ကားရှေ့ထိုင်ခုံတွင် ဝင်ထိုင်လိုက်သည်။ သူက ပြတင်းပေါက်မှန်အပြင်ဘက်ကိုကြည့်ရင်း တွေးဝေငေးမောနေသည်။

သိပ်မကြာခင် ကားက သီးသန့်ကလပ်တစ်ခုဆီသို့ ရောက်လာကာ ရပ်တန့်သွားသည်။

ရှန်ရှိုးကျူက ကိတ်မုန့်ဗူးကိုကိုင်ကာ ကလပ်၏ ဒုတိယထပ်မှ သီးသန့်ခန်းထဲသို့် ဝင်သွားသည်။

အခန်းထဲတွင် ဆိုဖာပေါ်၌ အမျိုးသားနှင့် အမျိုးသမီး လူငယ်တစ်စု ထိုင်နေကြသည်။ ရှန်ရှိုးကျူက သူတို့ကို ပြုံး​ပြလိုက်ကာ:

"ဆောရီးပါ။ လာတာ နောက်ကျသွားတယ်"

"လမ်းမှာ ကိတ်မုန့်ဝင်ဝယ်နေတာနဲ့ နည်းနည်း ကြာသွားတာ"

ရှန်ရှိုးကျူက ရှင်းပြသည်။

သီးသန့်ခန်းထဲတွင် ချီရိလည်း ရှိနေသည်။ သူက ပြုံးကာ ပြောလိုက်သည်။

"ရှိုးကျူက ကိတ်မုန့်စားရတာ အရမ်းကြိုက်တုန်းပဲကိုး"

သူ့အနားက လူတစ်ယောက်ကလည်း ဝင်ပြောသည်။

"ပြောရရင် ဟယ့်ရှောင်လည်း အဲ့ဒီကိတ်မုန့်ဆိုင်သွားရတာ အရမ်းကြိုက်တယ်"

"ဟုတ်ပါ့။ ဟယ့်ရှောင် အဲ့ဒီဆိုင်ကနေ ကိတ်မုန့်ဝယ်လာတာ ငါ ခဏခဏတွေ့တယ်"

ရှန်ရှိုးကျူက ဆိုဖာဆီသို့လာကာ ထိုင်လိုက်ပြီးနောက် ဟယ့်ရန်ကို တအံ့တဩကြည့်ကာ ပြောလိုက်သည်။

"မင်း အချိုတွေ မစားဘူးမဟုတ်လား?"

"မစားဘူး"

အစားထိုးခံရှို​ေလးအဖြစ်မှ သေချင်ယောင်ဆောင်ပြီးနောက် (မြန်မာဘာသာပြန်)Where stories live. Discover now