အပိုင်း (၈၃)

11.2K 2.2K 177
                                    

((Zawgyi))

အပိုင်း (၈၃)
အရက်စက်ဆုံး​သော နွေးထွေးညင်သာခြင်း

👾👾👾

"ဒီနေ့က နောက်ဆုံးနေ့"

ဟယ့်ရန်သည် အရှုံးပေးဟန်ဖြင့် လူငယ်လေးရှေ့မှောက်တွင် ဒူးထောက်နေသည်။

သူက နှင်းဆီပန်းစည်းနှင့် လက်ထပ်လက်စွပ်ကိုကိုင်ထားကာ လက်ထပ်ခွင့်တောင်းလိုက်သည်။

"ကိုယ့်နဲ့ လက်ထပ်ပါနော်?"

ချင်ကျိုးက ခေါင်းငုံ့ကာ အမျိုးသားလက်ထဲက လက်စွပ်ကိုကြည့်လိုက်သည်။

သင့်လျော်တဲ့နေရာ၊ သင့်တော်တဲ့ဂီတသံ၊ သင့်လျော်တဲ့ လက်ထပ်ခွင့်တောင်းခြင်း --

အရာအားလုံးက အလွန်ပြီးပြည့်စုံနေသည်။

သို့သော် ချင်ကျိုးက နှင်းဆီပန်းကိုလက်မခံဘဲ အချိန်အတော်ကြာ တိတ်ဆိတ်နေပြီးမှ ဖြည်းညင်းစွာ ပြောသည်။

"ဟယ့်ရန်"

"ကျွန်တော်တို့က....... ကစားရုံပဲမဟုတ်လား?"

ချင်ကျိုးက တိုးတိုးလေး ပြောလိုက်သည်။

ဟယ့်ရန် အံ့အားသင့်သွားသည်။

"အရင်က သုံးလလို့ပြောခဲ့တယ်​လေ။ မနက်ဖြန် စပွန်ဆာပေးစရာမလိုတော့ဘူး"

ချင်ကျိုးသည် လက်ဆန့်၍ နှင်းဆီပွင့်ချပ်လေးများကို ထိကိုင်ကာ ဆက်ပြောသည်။

"ကျွန်တော်လည်း ဒီနေ့ ခင်ဗျားကို ဒီအကြောင်းပြောမလို့ပဲ"

"အေးဂျင့်က ကျွန်တော့်ကိုကူပြီး အိမ်တစ်လုံးရှာပေးထားတယ်၊ မနက်ဖြန် ကျွန်တော် အိမ်ပြောင်းတော့မယ်"

ချင်ကျိုးက ပြုံးလိုက်ကာ:

"နောင်ကို အဆက်အသွယ်နည်းနည်းပဲ လုပ်ရအောင်"

ချင်ကျိုး၏မျက်နှာတွင် နွေးထွေးညင်သာသော အပြုံးတစ်ခုရှိနေပြီး အသံကလည်း အလွန်နူးညံ့ညင်သာ​လို့​နေသည်။

သို့သော် နှုတ်ဖျားမှ ပြောလိုက်သည့်စကားများက အလွန်ရက်စက်လှသည်။

ဟယ့်ရန်က မျက်လွှာချကာ တိုးညင်းစွာ ပြောသည်။

"ကိုယ်က.......ကိုယ်တို့ ပြန်အဆင်ပြေသွားပြီလို့ ထင်ခဲ့တာ"

အစားထိုးခံရှို​ေလးအဖြစ်မှ သေချင်ယောင်ဆောင်ပြီးနောက် (မြန်မာဘာသာပြန်)Where stories live. Discover now