အပိုင်း (၄)

7.7K 1K 48
                                    

((Zawgyi))

အပိုင်း (၄)
အတုအယောင်ပစ္စည်း

👾👾👾

သူတို့နှစ်ဦးသည် အိမ်အဟောင်းမှာ တစ်ညအိပ်ပြီးနောက် နောက်တစ်နေ့ညနေခင်းတွင် ပြန်ခဲ့ကြသည်။

သူတို့ပြန်မယ်လုပ်တော့ ချီချီက အိမ်ထဲမှ ပြေးထွက်လာကာ ရွှီချန်ရန့်ကို ပေးမသွားဘဲ ခြေထောက်ကို အတင်းဖက်တွယ်ထားသည်။ ချီချီက အချိန်အတော်ကြာသည်အထိ သူတို့နှင့်အတူ ကားပေါ်လိုက်တက်ဖို့လုပ်​နေသည်။

သို့သော် ဟယ့်ရန်သည် အိမ်မွေးတိရိစ္ဆာန်များကို စိတ်ရှည်လက်ရှည် မမွေးတတ်သည့်အတွက် ချီချီကို ကားပေါ်သို့ အတက်မခံပေ။

အစက ဟယ့်ရန်သည် ကြိုးစားပမ်းစားဖြင့် Alaskan ခွေးတစ်ကောင်ကို ဝယ်ခဲ့သည်။ သို့သော် သူက ၄င်းကို သူ့အနားတွင် မွေးမြူကြည့်ပြီးနောက် သူနဲ့လုံးဝ အဆင်မပြေမှန်း သိရှိသွားသည်။ သူက အိမ်မွေးတိရိစ္ဆာန်များကို စောင့်ရှောက်ဖို့ မသင့်တော်သူဖြစ်သည်။

Alaskan ခွေးများသည့် ကိုယ်လက်လှုပ်ရှား ပြုလုပ်ပေးရန်လိုအပ်ပြီး သခင်ဖြစ်သူက နေ့စဉ် သူတို့ကို အပြင်မှာ လမ်းလျှောက်ထွက်ပေးရသည်။ ထို့အပြင် သူတို့၏ အမွှေးထူထူများကိုလည်း သခင်က ဂရုတစိုက်ထိန်းသိမ်းကာ ညှပ်ပေးရသည်။

ဟယ်ရန့်က အဲ့လောက် အလုပ်မအားပေ။ သူ့မှာ ခွေးကို နေ့တိုင်းလမ်းလျှောက်ထွက်ပေးဖို့ အချိန်မရှိသလို၊ သူက တစ်အိမ်လုံးအနှံ ခွေးမွှေးများ ပလူပျံနေသည်ကိုလည်း စိတ်အနှောင့်အယှက်ဖြစ်ရသည်။ ထို့ကြောင့် သူက ခွေးကို အိမ်အဟောင်းတွင်ထားကာ အိမ်တော်ထိန်းကို စောင့်ရှောက်ခိုင်းပြီး နှစ်လနေမှ တစ်ခါသာ ပြန်လာကြည့်တတ်သည်။

ဘယ်လိုပဲဖြစ်ဖြစ် ဒီအိမ်အဟောင်းက ကြီးလည်းကြီးသလို ခြံဝန်းကလည်း ကျယ်သဖြင့် ခွေးက ဤနေရာမှာ ကြိုက်သလို ခုန်ပေါက်ဆော့ကစားနိုင်သည်။ နောက်ပြီး အိမ်အဟောင်း၌ အစေခံများရှိသဖြင့် သူတို့က ခွေးကို အလှည့်ကျ အဖော်ပြုပြီး ကစားပေးနိုင်​သေးသည်။

သို့ဖြင့် အိမ်တော်ထိန်း၏ စောင့်ရှောက်မှုအောက်တွင် ချီချီသည် တကယ်ပင် ကောင်းမွန်စွာ ကြီးပြင်းခဲ့ကာ နေ့တိုင်းလိုလို ပျော်ရွှင်တက်ကြွနေသည်။

အစားထိုးခံရှို​ေလးအဖြစ်မှ သေချင်ယောင်ဆောင်ပြီးနောက် (မြန်မာဘာသာပြန်)Where stories live. Discover now