အပိုင်း (၅၈)

9.9K 1.5K 105
                                    

((Zawgyi))

အပိုင်း (၅၈)
မနမ်းပါနဲ့

👾👾👾

"ကျန့်ကော"

ချင်ကျိုးက ဒေါသထွက်လွန်းသဖြင့် ရယ်မောလိုက်သည်။

"ကျွန်တော်ပြောပြီးပြီ၊ ကျွန်တော် အဖော်မလုပ်ဘူး"

ကျန့်ဟုန်းခိုင်က အမွှေးဖယောင်းတိုင်ကို အိပ်ရာခေါင်းရင်းက ဗီဒိုပေါ်မှာချလိုက်ပြီး အနားသို့လျှောက်လာကာ အေးအေးလူလူပင်ပြောသည်။

"ဥက္ကဋ္ဌယွမ် ကစားတာတောင်ခံပြီးနေပြီကို ဘာတွေဟန်ဆောင်နေတာလဲ?"

"မင်းအိမ်မှာ အဘွားတစ်ယောက်ရှိသေးတယ်၊ မင်းက မင်းအဘွားအတွက် မစဉ်းစားတော့ဘူးလား?"

"အဘွားအိုအတွက် ဆေးကုသစားရိတ်က ပိုက်ဆံတွေ အများကြီးကုန်မှာ၊ မင်း တတ်နိုင်လို့လား?"

ချင်ကျိုးက အဲ့ဒါကိုကြားတော့ အသံခဏတိတ်သွားသည်။

အဘွားအတွက်ဆေးကုသစားရိတ်ကို သူ တကယ်ပဲ မတတ်နိုင်ဘူး။

ကျန့်ဟုန်းခိုင်က ချင်ကျိုး ဒီလိုပုံစံဖြစ်သွားတာမြင်တော့ ချင်ကျိုးအပေါ် အယုံသွင်းလိုက်နိုင်ပြီဟု ထင်မှတ်သွားသည်။

"ဘာပဲဖြစ်ဖြစ် မင်း နည်းနည်းလောက် စကားနားထောင်လိုက်"

ကျန့်ဟုန်းခိုင်က ဆက်ပြီး တိုက်တွန်းလိုက်သည်။

"တကယ်လို့ ပြုစုတာကောင်းရင် ရလာမယ့်အကျိုးအမြတ်တွေက နည်းနည်းနောနောမဟုတ်ဘူး"

ချင်ကျိုးက နှုတ်ဆိတ်လျက်သား ကုတင်ပေါ်မှာ လှဲလျောင်းကာ ကိုယ်လုံးလေးကို ကွေးလိုက်သည်။ သူ၏အသက်ရှုသံများကလည်း တစ်စတစ်စ ပိုမို နက်ရှိုင်းကြမ်းတမ်းလာသည်။

ကျန့်ဟုန်းခိုင်က ဆွဲဆောင်မှုရှိသည့် sexy ယူနီဖောင်းတစ်စုံကို ကုတင်ပေါ် ပစ်ပေးလိုက်ကာ ပြောသည်။

"မင်း အရင် အင်္ကျီလဲထားလိုက်၊ သူဋ္ဌေးလေးက ဟိုဘက်မှာ ကစားနေတုန်းပဲ၊ အချိန်ကျရင် သူက ဒီကိုတိုက်ရိုက် ရောက်လာလိမ့်မယ်"

ချင်ကျိုးက ကိုယ်ကိုထောက်ပြီး အိပ်ရာမှထလိုက်သည်။ သူ ဖြည်းဖြည်းချင်း လက်မြှောက်၍ sexy ဝတ်စုံကို ကောက်ယူလိုက်တော့ အဲ့ဒါက အမျိုးသားအစေအပါးဝတ်စုံဖြစ်နေတာ တွေ့ရသည်။

အစားထိုးခံရှို​ေလးအဖြစ်မှ သေချင်ယောင်ဆောင်ပြီးနောက် (မြန်မာဘာသာပြန်)Where stories live. Discover now