အပိုင်း (၇၇)

11.4K 1.9K 160
                                    

((Zawgyi))

အပိုင်း (၇၇)
ကျိုးကျိုးကိုအကြိုက်ဆုံး

👾👾👾

အချိန်က ည (၁၁) ကျော်နေပြီ။

ချင်ကျိုးက တံခါးရှိရာသို့ လှမ်းကြည့်ကာ တုတ်တုတ်မျှ မလှုပ်ပေ။

သို့သော် အပြင်ဘက်တွင် တံခါးခေါက်သံများက ဆက်လက်ထွက်ပေါ်​နေသည်။

ချင်ကျိုးက နေရာမှထသွားပြီး ချောင်းကြည့်ပေါက်မှတဆင့် ကြည့်လိုက်သည်။

အဲ့ဒီနောက် ချင်ကျိုးက တံခါးကိုဖွင့်လိုက်သည်။

"ဘယ်လိုလုပ်ရောက်လာတာလဲ?"

ချင်ကျိုး ပြောလိုက်သည်နှင့် တံခါးအပြင်ဘက်မှပုံရိပ်က သူရှိရာဘက်သို့ ပြိုလဲကျလာတာ တွေ့ရသည်။

ချင်ကျိုးက လက်ဆန့်၍ အလိုက်သင့် လှမ်းဖမ်းလိုက်သည်။ အဲ့ဒီနောက် သူက တစ်ဖက်လူ၏ ကိုယ်ပေါ်မှ မွှန်ထူနေသော အရက်နံ့များကို ရှူရှိုက်မိလိုက်သည်။

"ခဏဖက်ထားမယ်"

ဟယ့်ရန်သည် လူငယ်လေး၏ပုခုံးပေါ် ခေါင်းကိုမှီတွယ်ထားသည်။

ချင်ကျိုးက လူကို အခန်းထဲသို့ခေါ်ကာ အခန်းတံခါးကိုပိတ်လိုက်သည်။

ချင်ကျိုးက လူကိုဆိုဖာပေါ်ချလိုက်ပြီး ထွက်သွားဖို့ပြင်တော့ သူ့လက်ကောက်ဝတ်ကို လှမ်းဆွဲခံလိုက်ရသည်။

ဟယ့်ရန်က နောက်တစ်ကြိမ်အနားတိုးလာကာ ပွေ့ဖက်ထားချင်ပုံရသည်။

ချင်ကျိုးက ကိုယ်ပေါ်မှအမျိုးသားကို အနည်းငယ် တွန်းထုတ်လိုက်ပြီး ဖြည်းညှင်းစွာ ပြောသည်။

"ခင်ဗျား ကိုယ်ပေါ်က အရက်နံ့တွေနဲ့၊ ကျွန်တော့်ကို လာမထိနဲ့"

အဲ့တော့မှ ဟယ့်ရန်က လက်ကိုလွှတ်ပေးလိုက်ကာ မျက်လုံးများကိုမှိတ်၍ ဆိုဖာခေါင်းအုံးပေါ် မှီလိုက်သည်။

ချင်ကျိုးက ရေနွေးတစ်ခွက်ငှဲ့လာကာ မေးလိုက်သည်။

"ဘယ်လိုလုပ် အရက်သောက်လာတာလဲ?"

ဟယ့်ရန်က မျက်လုံးများဖွင့်ကာ တိုးညှင်းစွာပြောသည်။

"တွေ့ဆုံပွဲခဏသွားတာ"

အစားထိုးခံရှို​ေလးအဖြစ်မှ သေချင်ယောင်ဆောင်ပြီးနောက် (မြန်မာဘာသာပြန်)Where stories live. Discover now