အပိုင်း (၆၃)

10.3K 1.5K 199
                                    

((Zawgyi))

အပိုင်း (၆၃)
ဒီည ကိုယ့်ကိုအဖော်ပြုပေး

👾👾👾

ရိုက်ကွင်း၌။

ဝတ်ရုံအဖြူဝတ်ဆင်ထားသော ကောင်လေးတစ်ယောက်သည် ဗျတ်စောင်းကိုပိုက်ကာ ကြမ်းပြင်ပေါ်တွင် ဒူးထောက်ပြီး သူ့မျက်စိရှေ့ကလူကို ငေးကြည့်နေသည်။

"ကတ်!"

ဒါရိုက်တာက အလျင်အမြန် ဖြတ်ချလိုက်ပြီး မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။

"ချင်ကျိုး စိတ်ခံစားချက်က မဟုတ်သေးဘူး"

ဒါရိုက်တာက ဇာတ်ညွှန်းကိုကိုင်၍ အနားရောက်လာကာ ရှင်းပြသည်။

"မင်းက စစ်သူကြီးကို တိတ်တခိုးချစ်နေတာ​လေ၊ မင်း သူ့ကိုကြည့်တဲ့အချိန်မှာလည်း စိတ်ခံစားချက် နည်းနည်း ထည့်ထားရမယ်"

မူလဇာတ်ညွှန်း၌ ဗျတ်စောင်းသမားလေးသည် စိတ်ခံစားချက်ဇာတ်ဝင်ခန်းများ မပါရှိဘဲ ဗျတ်စောင်းသမားလေးနှင့် စစ်သူကြီးတို့ကြားတွင် မိတ်ဆွေသူငယ်ချင်း ဆက်ဆံရေးသာရှိခဲ့သည်။ ဒါပေမယ့် အခုတော့ အဲ့ဒီ sex scene ထပ်တိုးလာတာကြောင့် ဗျတ်စောင်းသမားလေးမှာလည်း စိတ်ခံစားချက်ဒိုင်ယာလော့များ တိုးလာခဲ့သည်။

ဒါရိုက်တာ: "မင်းက စစ်သူကြီးကို ကြိုက်​နေတယ်၊ အဲ့ဒီတော့ သူ့အပေါ်ဆက်ဆံတဲ့ မင်းရဲ့ သဘောထားကလည်း တခြားသူတွေကိုဆက်ဆံတာနဲ့ မတူဘူး၊ အတတ်နိုင်ဆုံး အဲ့ဒီလို ချစ်ခင်မြတ်နိုး​တဲ့ ခံစားချက်မျိုးကို ပေါ်လွင်လာအောင် သရုပ်ဆောင်ရမယ်"

"ကောင်းပါပြီ"

ချင်ကျိုးက ဖြေလိုက်သည်။

မိနစ်အနည်းငယ် အနားယူပြီးနောက် အဲ့ဒီဇာတ်ဝင်ခန်းကို ပြန်လည်ရိုက်ကူးလိုက်သည်။

ချင်ကျိုးက လင်းချီရှောင်း၏ နံဘေးတွင် ဒူးထောက်ထိုင်ရင်း အနည်းငယ်ခေါင်းမော့ကာ သူ့ရှေ့ကလူကို လှမ်းကြည့်လိုက်သည်။

သို့သော် ပြန်လည်ရိုက်ကူးသည့်အခါမှာလည်း ဒါရိုက်တာက ချင်ကျိုး၏ သရုပ်ဆောင်မှုအပေါ် အနည်းငယ် စိတ်တိုင်းမကျဖြစ်နေသေးသည်။

အစားထိုးခံရှို​ေလးအဖြစ်မှ သေချင်ယောင်ဆောင်ပြီးနောက် (မြန်မာဘာသာပြန်)Where stories live. Discover now