အပိုင်း (၆၁)

10.7K 1.6K 112
                                    

((Zawgyi))

အပိုင်း (၆၁)
ဖက်ထုပ်ပြုတ်တစ်ပန်းကန်

👾👾👾

စူးထန်က အင်တာနက်မှာ နောက်တစ်ခါထပ်ရှာကာ ပြောလိုက်သည်။

"ရှာတွေ့ပြီ၊ ငါ နင့်ကို website link ပို့လိုက်မယ်"

"ကောင်းပြီ၊ ငါ ညကျ ထပ်ကြည့်လိုက်မယ်"

ချင်ကျိုးက ခေါင်းညိမ့်ပြလိုက်သည်။

"ဒါဆို နင်က လင်းချီရှောင်းနဲ့ အိပ်ရာပေါ်ကအခန်း (sex scene) ရိုက်ရမှာလား?"

စူးထန်က နည်းနည်း စပ်စုလိုက်သည်။

ချင်ကျိုးက ခေါင်းခါပြကာ:

"မသိဘူး။ ငါ ဇာတ်ညွှန်းကို ဖတ်လို့မပြီးသေးဘူး။ ညကျမှ ထပ်ဖတ်ကြည့်ရမှာ"

တကယ်လို့ sex scene ရိုက်ရမယ်ဆိုလည်း ဘာမှမဖြစ်ပါဘူး၊ ဘာပဲဖြစ်ဖြစ် အဲ့ဒါက sex scene လေးတစ်ခုပဲဟာ။

ချင်ကျိုးက အခန်း သန့်ရှင်းရေးဆက်လုပ်လိုက်သည်။ စူးထန်က ဘေးနားကနေ ကူညီသိမ်းဆည်းပေးပြီး ခဏကြာတော့ မေးလာသည်။

"ဒါဆို အဘွားက ဒီဘက်မှာ ကျန်ခဲ့မှာလား ဒါမှမဟုတ် အဲ့ဒီနန်ချန်ဘက်က ဆေးရုံကို ပြောင်းမှာလား?"

ချင်ကျိုးက ပြောလိုက်သည်။

"ဒီဘက်မှာ အရင်ထားပြီး ခွဲစိတ်မှုလုပ်တာပေါ့"

သူက အခုဆို ဇာတ်လမ်းတွဲအသစ်ကို လက်ခံလိုက်ပြီး အနုပညာကြေးကလည်း အရမ်းကောင်းတာကြောင့် အဘွားကို ခွဲစိတ်ကုသပေးနိုင်ပြီ။

ဒါပေမယ့် အဘွားအိုက အသက်ကြီးပြီဆိုတော့ တခြားဆေးရုံပြောင်းရမယ့်ကိစ္စက အရမ်းကို ဒုက္ခများစေတာကြောင့် ဒီဘက်မှာနေခဲ့တာက ပိုကောင်းပေသည်။

နောက်ပြီး သူသည် ဒီလကုန်၌ အဖွဲ့ထဲဝင်ပြီး ရုပ်ရှင်ရိုက်ကူးရတော့မှာဖြစ်သည့်အတွက် အဘွားကို နန်ချန်ခေါ်သွားရင်တောင် သူ့မှာ ပြုစုစောင့်ရှောက်​ဖို့ အချိန်မရှိပေ။ ထို့ကြောင့် လတ်တလောတွင် အရင်အတိုင်းသာ စောင့်ရှောက်ထားရမှာဖြစ်သည်။

ချင်ကျိုးသည် ဧည့်ခန်းကို ည (၁၀)နာရီကျော်သည်အထိ တောက်လျှောက်ရှင်းလင်းလိုက်သည်။

အစားထိုးခံရှို​ေလးအဖြစ်မှ သေချင်ယောင်ဆောင်ပြီးနောက် (မြန်မာဘာသာပြန်)Where stories live. Discover now