အပိုင်း (၁၂၆)

3.4K 662 33
                                    

((Zawgyi))

အပိုင်း (၁၂၆)
ကြေးမုံမှန်ကွဲ (၁၄) - တောင်းပန်ပါတယ်


👾👾👾

ဟယ့်ရန် နက်နက်နဲနဲတိုးမဝင်သွားဘဲ နှုတ်ခမ်းသားလေးပေါ် ထိရုံသာနမ်းလိုက်သည်။

ရင်ခွင်ထဲက လူငယ်လေးက နည်းနည်း စိတ်တည်ငြိမ်လာပုံရသည်။ ဟယ့်ရန် လက်တစ်ဖက်နဲ့ လူငယ်လေးကျောကို အသာပွတ်ပေးရင်း ခေါင်းငုံ့ကာ လူငယ်လေးနဲ့ နဖူးချင်းကပ်လိုက်သည်။

"တောင်းပန်ပါတယ်"

ဟယ့်ရန်က ထပ်ပြီးနမ်းချင်သလို အနားတိုးလာသည်။

"မပြောပါနဲ့တော့....."

ရွှီချန်ရန့်က ခေါင်းစောင်းကာ နှုတ်ခမ်းချင်းထိမှာကို ရှောင်လိုက်ပြီး မျက်လုံးအစုံက နီမြန်းလို့နေသည်။

ဟယ့်ရန် လက်ဆန့်ကာ လူငယ်လေးမျက်နှာပေါ်က မျက်ရည်စတွေကို လက်ချောင်းထိပ်လေးနဲ့ ဖြည်းဖြည်းချင်း သုတ်ပေးရင်း:

"မငိုပါနဲ့"

ရွှီချန်ရန့် မျက်တောင်ခတ်ပြီး ခံစားချက်တွေကို ခက်ခက်ခဲခဲ ထိန်းချုပ်ဖို့ ကြိုးစားလိုက်သည်။

ဒါပေမယ့် ဘာကြောင့်ရယ်မသိ မျက်ရည်များက ထိန်းမနိုင်သိမ်းမရဖြစ်ကာ လုံးဝရပ်တန့်လို့မရပေ။

နာကြည်းစရာတွေ အများကြီး ခံစားခဲ့ပြီးနောက် ခုချိန်မှာတော့ အားလုံး အကုန်ပေါက်ကွဲထွက်လာသည်။

ရွှီချန်ရန့် မျက်လုံးမှိတ်လိုက်သည်။အသက်ရှူရတာ တဖြည်းဖြည်း ပိုခက်ခဲလာသည့်အတွက် လက်ချောင်းများက အောက်က အိပ်ရာခင်းစကို ခပ်တင်းတင်း ဆုပ်ကိုင်လိုက်သည်။

"ကျွန်တော် ပြန်ချင်တယ်....."

ရွှီချန်ရန့် အသံအနည်းငယ် ပြာလာသည်။

"ကောင်းပြီ၊ မနက်ဖြန် ပြန်ကြမယ်"

ဟယ့်ရန်က ညင်သာစွာ ချော့လိုက်သည်။

ရွှီချန်ရန့် ခေါင်းငုံ့သွားကာ ဘာစကားမှထပ်မပြောနိုင်တော့။ ရုတ်တရတ် သူ အသက်ရှုရခက်လာကာ နှလုံးခုန်သံတွေ မြန်လာသည်။

အစားထိုးခံရှို​ေလးအဖြစ်မှ သေချင်ယောင်ဆောင်ပြီးနောက် (မြန်မာဘာသာပြန်)Where stories live. Discover now