အပိုင်း (၈၄)

10.7K 2K 165
                                    

((Zawgyi))

အပိုင်း (၈၄)
ဟယ့်ရန် စွန့်ပစ်ခံရတယ်

👾👾👾

ချီချီက အနည်းငယ်ကြောင်ပြီး တံခါးဝကိုကြည့်နေသည်။ သူက လက်သည်းများနှင့်ကုတ်ခြစ်ကာ တံခါးကိုတွန်းဖွင့်ပြီး ချင်ကျိုးကို သွားရှာဖို့လုပ်သည်။

"ချီချီ"

ဟယ့်ရန်က အော်ခေါ်သည်။

"ပြန်လာခဲ့"

ချီချီက ခေါင်းလှည့်ကာ ဟယ့်ရန်ကို ခဏစိုက်ကြည့်ပြီး နောက်ဆုံးမှာ အိပဲ့အိပဲ့နှင့် အနားသို့ လျှောက်လာသည်။

ချီချီသည် ကော်ဇော်ပေါ်တွင်မှောက်ကာ တစ်ချက်တစ်ချက် တံခါးပေါက်ကို လှမ်းကြည့်ပြီး ချင်ကျိုးပြန်အလာကို စောင့်​နေသည်။

ဟယ့်ရန်က လေသာဆောင်သို့ လှည့်ထွက်လာကာ စီးကရက်တစ်လိပ်ကို မီးညှိလိုက်သည်။

တိုက်ခန်းထဲတွင် လူတစ်ယောက်လျော့သွားသည်နှင့် လူသူကင်းမဲ့ကာ အေးစက်လို့သွားသည်။

ရှေ့တစ်ရက်ကတင် သူတို့ ပွေ့ဖက်၊ နမ်းရှိုက်နေခဲ့ကြသေးသည်။

သို့သော် မျက်စိတစ်မှိတ်အတွင်း ဘာဆိုဘာမှမရှိတော့ပေ။

ဟယ့်ရန်သည် ပြတင်းပေါက်အပြင်ကို ငေးကြည့်ရင်း လက်ချောင်းထိပ်တွင် အနီရောင်မီးစလေးတစ်ခု တောက်လောင်နေသည်။

တဖြည်းဖြည်းနဲ့ လောင်ကျွမ်းနေသော စီးကရက်လေးက တစ်စတစ်စ ပိုမိုတိုဝင်သွားသည်။

စီးကရက်အစီခံများက ကြမ်းပြင်အနှံ့ပင်။

👾👾👾

ညနေရောက်တော့ အိမ်အကူအန်တီကြီးက ထမင်းဟင်းချက်ပေးဖို့ ရောက်လာသည်။

အိမ်အကူအန်တီကြီးက ထုံးစံအတိုင်း နှစ်ယောက်စာ ညစာချက်ပြုတ်ဖို့ လုပ်လိုက်သော်လည်း ဟယ့်ရန်က လှမ်းတားသည်။

"ညဘက်မလိုတော့ဘူး"

"ကောင်းပါပြီ"

အန်တီကြီးက ခေါင်းညိမ့်လိုက်သည်။ သူမက ဗီဒိုနားသို့် လှည့်ထွက်သွားပြီး စည်သွပ်ဗူးကိုထုတ်ကာ ချီချီကို အစာကျွေးလိုက်သည်။

အစားထိုးခံရှို​ေလးအဖြစ်မှ သေချင်ယောင်ဆောင်ပြီးနောက် (မြန်မာဘာသာပြန်)Where stories live. Discover now