အပိုင်း (၁၁၇)

5.1K 758 19
                                    

((Zawgyi))

အပိုင်း (၁၁၇)
ကြေးမုံမှန်ကွဲ (၄) - နှုတ်လုံတယ်

👾👾👾

ဟယ့်ရန်က ပေါ့ပေါ့ပါးပါးပဲ ပြန်ပြောသည်။

"မင်း အမြင်မှားတာ"

"မမှားဘူး"

ရှောင်ချန့်လေသံက အလွန်သေချာနေသသည်။ သူက အနည်းငယ် ရှူးရှူးရှားရှားဖြစ်သွားကာ ပြောသည်။

"ဦးဦးရှောင်ရန်က ခိုးနမ်းပြီး ဝန်မခံဘူး"

ဟယ့်ရန်က မျက်မှောင်ကြုတ်ကာ:

"ငါ မနမ်းဘူး"

"ဒါဆိုလည်း ကျွန်တော် ချင်ကျိုးကောကောကို ဦးဦး သူ့ကိုနမ်းတဲ့အကြောင်း သွားပြော​လိုက်မယ်"

ပြောပြီးတာနဲ့ ရှောင်ချန်က နားနေခန်းဘက် လှည့်သွား​သည်။ သူ့ပုံက တကယ် သွားတိုင်ပြော​တော့မည့်ပုံ။

ဟယ့်ရန်က အဲဒါကိုမြင်တော့ ​ရှောင်ချန့်ကို လှမ်းတားကာ:

"သွားမပြောနဲ့"

ရှောင်ချန်က ခေါင်းခါပြကာ လေသံတိုးတိုးဖြင့် ပြောလိုက်သည်။

"မရဘူး၊ ကျွန်တော် ချင်ကျိုးကောကောကို ပြောရမယ်"

ဟယ့်ရန် သူ့ရှေ့က ကောင်လေးကိုကြည့်ကာ ခေါင်းတွေကိုက်လာသည်။ ဒါနဲ့ သူက နောက်ဆုံးမှာ ပြောလိုက်သည်။

"ငါ မင်းကို မုန့်ဝယ်ကျွေးမယ်၊ ဒီနေ့ကိစ္စကို မပြောရဘူး"

ရှောင်ချန့်မျက်လုံးတွေ ခဏအတွင်း တလက်လက်တောက်ပသွားသည်။ သူက အမြန် ပြန်ပြောလိုက်သည်။

"တကယ်လား?"

ဟယ့်ရန်က ပြန်ဖြေပြီး ရှောင်ချန်ကို အနားက စူပါမားကတ်တစ်ခုဆီ ခေါ်သွားသည်။

ရှောင်ချန်က မုန့်စင်တွေဘက် အမြန်ပြေးသွားပြီး သရေစာတွေ တစ်ပုံကြီးရွေးလိုက်သည်။

စူပါမားကတ်ထဲက ထွက်လာတော့ ရှောင်ချန်က သရေစာမုန့်တွေသယ်ရင်း ဟယ့်ရန်ကိုပြောလိုက်သည်။

"ဦးဦးရှောင်ရန် ကျွန်တော် ကောင်းကောင်းလျို့ဝှက်ထားပါ့မယ်"

အစားထိုးခံရှို​ေလးအဖြစ်မှ သေချင်ယောင်ဆောင်ပြီးနောက် (မြန်မာဘာသာပြန်)Where stories live. Discover now