((Zawgyi))
အပိုင်း (၆၂)
နောက်ဆုံးအချိန်မှထပ်တိုးလာသော
sex scene👾👾👾
"ဥက္ကဋ္ဌဟယ့်က ဖက်ထုပ်ပြုတ်လိုချင်တာလား?"
ချင်ကျိုးက ခေါင်းမော့ကာ အမျိုးသားနှင့် အကြည့်ချင်းဆုံလိုက်သည်။ သူက ဖြည်းညင်းစွာ ပြောလိုက်၏။
"အပြင်က စားသောက်ဆိုင်မှာ ရောင်းလောက်တယ်၊ တကယ်လို့ ဥက္ကဋ္ဌဟယ့် လိုအပ်တယ်ဆို ကျွန်တော် အခု သွားဝယ်လိုက်မယ်"
ပြောပြီးတာနဲ့ ချင်ကျိုးက ကိုယ်ကိုလှည့်ကာ ဖက်ထုပ်ပြုတ်သွားဝယ်ရန် ပြင်လိုက်သည်။
သို့သော် ချင်ကျိုး ခပ်ဝေးဝေးမသွားရသေးခင်မှာ အမျိုးသားက သူ့ရဲ့လက်ကောက်ဝတ်ကို ဖမ်းဆုပ်လိုက်သည်။
ဟယ့်ရန်သည် လက်ကောက်ဝတ်ကို မလွှတ်ပေးဘဲ တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားကာ တိုးညင်းစွာ ပြောလိုက်သည်။
"မင်းထုပ်ပေးတဲ့ ဖက်ထုပ်ပြုတ်"
ချင်ကျိုးက ခပ်ပေါ့ပေါ့ပြောလိုက်သည်။
"ဖက်ထုပ်ပြုတ်တစ်ပွဲက တန်ဖိုးမရှိပါဘူး"
သူက ဘာအဆင့်မြင့်စားဖိုမှူးကြီးမှလည်းမဟုတ်ဘူး၊ သူလုပ်ပေးတဲ့ ဖက်ထုပ်ပြုတ် အရသာကလည်း ရိုးရိုးသာမန်ပဲ။
တစ်ချိန်က သူ ဟယ့်ရန်အတွက် ငါးနှစ်တိတိ ဖက်ထုပ်ပြုတ်တွေ လုပ်ပေးခဲ့ဖူးတယ်။
ဒါပေမယ့် နောက်ပိုင်းမှာ ဟယ့်ရန်အတွက် သူပို့လိုက်တဲ့ အဲ့ဒီဖက်ထုပ်ပြုတ်တွေအားလုံးက ထိတောင်မထိဘဲ အရာမယွင်း ပြန်ရောက်လာတယ်။
နောက်ဆုံးကျ ငါးနှစ်လုံးလုံး စားခဲ့ပြီးပြီ၊ အစောကြီးကတည်းက စားရတာငြီးငွေ့လောက်ရောပေါ့၊ မလိုအပ်တော့ပါဘူး။
ချင်ကျိုးက မေးလိုက်သည်။
"ဥက္ကဋ္ဌဟယ့်က ဖက်ထုပ်ပြုတ်လိုချင်တာ သေချာလား? တခြားဟာမလိုချင်ဘူးပေါ့?"
"ဖက်ထုပ်ပြုတ်ပဲ လိုချင်တယ်"
ဟယ့်ရန်က အလွန်ခေါင်းမာသည်။
YOU ARE READING
အစားထိုးခံရှိုေလးအဖြစ်မှ သေချင်ယောင်ဆောင်ပြီးနောက် (မြန်မာဘာသာပြန်)
Romanceအစကတော့ Description လေးတွေပဲ စုပေးမလို့ပါ။ ဒါပေမယ့် ဒါလေးကို သဘောကျကြတယ်ဆိုလို့ ဆက်ပြီး ပြန်ပေးလိုက်ပါတယ်။ [အစားထိုးခံ၊ ထားရာနေစေရာသွားဘဝကနေ စွန့်ခွာခဲ့ပြီးမှ ကိုယ်ချစ်ရတဲ့သူဆီက ဂရုစိုက်မှုကိုပြန်ရတဲ့အခါ အရင်လို ပြန်ဖြစ်နိုင်ဦးမလားဆိုတာကို တူတူ ဖတ်...