အပိုင်း (၆၄)

10.3K 1.5K 139
                                    

((Zawgyi))

အပိုင်း (၆၄)
မျက်လုံးများကိုဖုံးအုပ်ခြင်း

👾👾👾

"ရန့်ရန့်"

ဟယ့်ရန်က လက်ကိုမြှောက်ကာ နက်တိုင်ကို ဖြည်လိုက်ချင်ပုံပေါ်သည်။

သို့သော် ချင်ကျိုးက အမျိုးသား၏ လှုပ်ရှားမှုများကို ဟန့်တားလိုက်ပြီး ကိုယ်ကိုအနည်းငယ်ကိုင်းကာ လေသံတိုးတိုးနှင့် ပြောလိုက်သည်။

"ဥက္ကဋ္ဌဟယ့်၊ နက်တိုင်ကို မဖြည်ရဘူး"

ချင်ကျိုး၏အသံက အနည်းငယ် ကြမ်းရှနေသည်။ သူ၏လက်ချောင်းထိပ်များက နက်တိုင်ပေါ်ထိကပ်၍ ထပ်ခါထပ်ခါ ညင်သာစွာ ပွတ်သပ်​​လိုက်ကာ သူ့ခန္ဓာကိုယ်အောက်က အမျိုးသားကို သေချာစိုက်ကြည့်လိုက်သည်။

အပေါ်ကနေရသည့် အနေအထားကြောင့် ချင်ကျိုးသည် အမျိုးသား၏ မျက်နှာပေါ်မှ အသေးစိတ်ပြောင်းလဲမှု တစ်ခုချင်းစီတိုင်းကို ရှင်းလင်းစွာ မြင်​နိုင်သည်။

သူ၏အကြည့်များက အမျိုးသား၏မျက်နှာမှ အောက်သို့ တဖြည်းဖြည်း လျှောဆင်းလာကာ ညှပ်ရိုးများတစ်လျှောက်လိုက်ပါသွားရင်း အမျိုးသား၏ ရင်အုပ်ပေါ်သို့ ကျရောက်သွားသည်။

ပြောရလျှင် ဟယ့်ရန်၏ ခန္ဓာကိုယ်အချိုးအစားက အမြဲတမ်း အလွန်ကောင်းမွန်စွာ ထိန်းသိမ်းထားသည်ဟုဆိုရမည်။

ပြီးပြည့်စုံသည့် ရင်အုပ်ကြွက်သားများနှင့် ဝမ်းဗိုက်ကြွက်သားများ၊ နောက်ပြီးတော့ ကြွက်သားနှစ်ခုဆုံရာ mermaid line များ။

သူ ဟယ့်ရန်ရဲ့ခန္ဓာကိုယ်ကို အရမ်းကျေနပ်တယ်။

အကောင်းဆုံး အိပ်ရာဖော်တစ်ယောက်ပဲ။

ချင်ကျိုးသည် အမျိုးသား၏ ခန္ဓာကိုယ်​ပေါ်တွင်ထိုင်ကာ ဦးဆောင်လွှမ်းမိုးသူနေရာကို ထိန်းချုပ်ထားသည်။

ကိစ္စများပြီးသွားတော့ ချင်ကျိုးက အမျိုးသား၏ကိုယ်ပေါ်မှာ မှောက်လျက်သား အသက်ရှုသံများ တဖြည်းဖြည်း ငြိမ်သက်လာသည်။

တက်စီးတဲ့အနေအထားက အရမ်းကောင်းပေမယ့် ခါးတော့ နည်းနည်းနာသည်။

အစားထိုးခံရှို​ေလးအဖြစ်မှ သေချင်ယောင်ဆောင်ပြီးနောက် (မြန်မာဘာသာပြန်)Where stories live. Discover now