အပိုင်း (၂)

10.3K 1.1K 18
                                    

((Zawgyi))

အပိုင်း (၂)
အကောင်းဆုံးလက်ဆောင်

👾👾👾

ရွှီချန်ရန့်သည် အခန်းပြန်ကာ အိပ်ရေးဝအောင် အိပ်လိုက်ပြီး နေ့လည်(၂)နာရီရောက်မှ သူပြန်နိုးလာသည်။ ထို့နောက် သူက အဝတ်အစားလဲကာ စာသင်သွားဖို့ ပြင်လိုက်သည်။

သူက ဘွဲ့ရပြီးသည့်နောက် သင်တန်းကျောင်းတစ်ခုတွင် အစားထိုး စန္ဒရားဆရာအဖြစ် ချက်ချင်း အလုပ်ဝင်ခဲ့သည်။

အစားထိုးကျောင်းဆရာအလုပ်က အတော်လေး လွယ်ကူသည်။ သူ့မှာ များသောအားဖြင့် ညနေပိုင်း၌ အတန်းချိန်များရှိတတ်ပြီး စနေ၊ တနင်္ဂနွေပိတ်ရက်များမှာတော့ တစ်ယောက်ချင်း သင်ပြပေးရသည်။

ကံကောင်းစွာဖြင့် ယနေ့ တနင်္ဂနွေနေ့တွင် သူ့မှာ နေ့လည်ပိုင်း တစ်ယောက်ချင်းအတန်း နှစ်ချိန်သာရှိပြီး ညနေပိုင်း အတန်းမရှိပေ။

ရွှီချန်ရန့် ကျောင်းကိုရောက်တော့ ဆရာများနား​နေခန်းထဲတွင် ခပ်ငယ်ငယ်ဆရာမတစ်ယောက်ရောက်နှင့်နေသည်။

ဆရာမလေးက တံခါးသံကြားတော့ သူ့ကို မော့ကြည့်ကာ စနောက်လိုက်သည်။

"ဆရာရွှီ၊ ဒီနေ့ လာတာ နည်းနည်းနောက်ကျတယ်နော်၊ ခါတိုင်းဆို အရင်ဆုံးရောက်နေကျလေ"

ရွှီချန်ရန့်က သူမကို ပြုံးပြလိုက်ပြီး အလုပ်စားပွဲတွင် ဝင်ထိုင်လိုက်သည်။

"နေ့လည်က သတိမထားမိဘဲ အိပ်ပျော်သွားလို့"

"အခုရာသီဥတုက တကယ် အိပ်လို့ကောင်းတယ်နော်....."

ဆရာမလေးက ပြောရင်း သက်ပြင်းချလိုက်သည်။ သူမက ရွှီချန်ရန့်ကို အမှတ်တမဲ့ကြည့်မိတော့ ရုတ်တရတ် တစ်စုံတစ်ရာကို သတိထားမိသွားသည်။

"ညက အရမ်းပြင်းပြင်းထန်ထန်တွေ လုပ်ခဲ့တယ်ထင်တယ်?"

ရွှီချန်ရန့်က နားမလည်သလို အံ့အားသင့်သွားသည်။

"ဒီနားလေးမှာ၊ အကုန်မြင်နေရတယ်"

ဆရာမလေးက ရွှီချန်ရန့် လည်ပင်းပေါ်က အမှတ်တစ်ခုကို လက်ညှိုးညွှန်ပြပြီး ပြောလိုက်သည်။

အစားထိုးခံရှို​ေလးအဖြစ်မှ သေချင်ယောင်ဆောင်ပြီးနောက် (မြန်မာဘာသာပြန်)Where stories live. Discover now