အပိုင်း (၃၀)

12.4K 1.4K 247
                                    

((Zawgyi))

အပိုင်း (၃၀)
ရွှီချန်ရန့် ဆုံးပြီ

👾👾👾

ရွှီချန်ရန့် ဆုံးပြီ။

ဟယ့်ရန်က ထိုသတင်းကို ကြားကြားချင်း မည်သည့် တုန့်ပြန်မှုမှမရှိပေ။ သို့သော် သူက ဖုန်းထဲကတစ်ဖက်လူ ရှင်းပြပြောဆိုသည်များကို စိတ်ရှည်လက်ရှည် လက်ခံနားထောင်လိုက်သည်။

ထိုလူပြောစရာရှိတာ ပြောပြီးသွားမှ ဟယ့်ရန် ဖုန်းချလိုက်သည်။

ချီရိက အနားသို့လာကာ စပ်စုပြီး မေးလိုက်သည်။

"ဟယ့်ရှောင်၊ ရန့်ရန့်က ဘာတဲ့လဲ?"

"ဘာမှမဟုတ်ဘူး"

ဟယ့်ရန်က စားပွဲပေါ်ရှိ ဝိုင်ခွက်ကို လှမ်းယူကာ မနှေးမမြန် ပြောလိုက်သည်။

"ပျင်းစရာကောင်းတဲ့ April Fools' Day မှာ  အပြောင်အပြက်နောက်​တဲ့ဖုန်းပါ"

လူတစ်ယောက်ရှာပြီး ပြောရမယ့်စကားတွေကို ဖုန်းထဲကနေ တကယ်လိုလို ပြောခိုင်းထားတာ။

ဒါပေမယ့် ဒီနေ့က April Fools' Day လေ။

ဟယ့်ရန်သည် ဝိုင်ခွက်ကို ချလိုက်ပြီးနောက် စားပွဲပေါ်က ဖဲချပ်များကို လှမ်းကြည့်ကာ အခြားသူများကို ပြောလိုက်သည်။

"ဆက်ဆော့မယ်"

လောင်းကစားဝိုင်း၌ ကစားပွဲများ ဆက်ကစားနေကြသည်။

သို့သော် ဒီတစ်ချီမှာတော့ ဟယ်ရန့်က ကစားပွဲကို အာရုံမစိုက်နိုင်ဘဲ အနည်းငယ် စိတ်နဲ့လူနဲ့မကပ်ဖြစ်နေသည်။

သို့ဖြင့် သူသည် လက်ထဲတွင် ကတ်အကောင်းများအကုန်ရှိသော်လည်း နောက်ဆုံးမှာ ရှုံးသွားသည်။

ဟယ့်ရန်က ပွဲအနည်းငယ် ထပ်ဆော့လိုက်ပြီးနောက် ကာဆီနိုတုံကင်ပြား တော်တော်များများ ရှုံးသွားသည်။

သန်းခေါင်ကျော် မနက်တစ်နာရီထိုးသည့်အခါ ဟယ့်ရန်က နေရာမှထလိုက်ကာ ပြောသည်။

"ပြန်တော့မယ်"

ချီရိကမေးလိုက်သည်။

"ဒီအချိန်တောင် ရောက်နေပြီ၊ ဟယ့်ရန် ဒီမှာဘဲ အိပ်လိုက်ပါလား?"

အစားထိုးခံရှို​ေလးအဖြစ်မှ သေချင်ယောင်ဆောင်ပြီးနောက် (မြန်မာဘာသာပြန်)Where stories live. Discover now