အပိုင်း (၁၁၂)

7.4K 1K 57
                                    

((Zawgyi))

အပိုင်း (၁၁၂)
သိပ်စိမ်းကားသွားပြီ

👾👾👾

မက်မွန်ပွင့်မျက်ဝန်းပိုင်ရှင် လူငယ်လေးက လန်သခင်လေး ရင်ခွင်ကိုမှီရင်း ဘာစကားမှမပြောဘဲ ပြုံးရုံသာပြုံးနေသည်။

ဘေးနားရှိ လူတစ်ယောက်က လှမ်းပြောသည်။

"(မျက်နှာ)မပြင်တာပိုကောင်းပါတယ်ကွာ၊ ဟယ့်သခင်လေးက နှစ်ခါတောင် ခံရပြီးပြီ၊ တတိယတစ်ခါတော့ အဖြစ်ခံမှာမဟုတ်ဘူး"

"ဘယ်သူသိမှာလဲ"

လန်သခင်လေးက ရယ်လိုက်သည်။

"ငါတော့ ထူးဆန်းနေတုန်းပဲ၊ ချင်ကျိုးရဲ့ အဲ့ဒီမျက်နှာက ဘာမှော်အစွမ်းတွေများရှိ​နေလဲလို့"

"ရန့်ရန့်နဲ့ တစ်ထပ်တည်းတူနေလို့သာ မဟုတ်ရင် သူက အစားထိုးခံတစ်ယောက်ဆိုတာ မသိတဲ့သူဘယ်မှာရှိလို့လဲ......"

စားပွဲမှာထိုင်နေတဲ့ သခင်လေးတစ်စုက တခြားအကြောင်းအရာတစ်ခုကို အမြန် ပြောင်းပြောလိုက်ရင်း ချင်ကျိုးကိစ္စကို ထပ်ပြီး အစမဖော်တော့ချေ။

ဒါပေမယ့် မက်မွန်ပွင့်မျက်ဝန်းပိုင်ရှင် လူငယ်လေးကတော့ ချစ်စဖွယ် နာခံ​သောအမူအယာဖြင့် လန်အိမ်သခင်လေးပေါင်ပေါ်တွင် တစ်ချိန်လုံး တိတ်ဆိတ်စွာထိုင်ပြီး မျက်လွှာအသာချကာ စဉ်းစားတွေးတောနေသည်။

ပါတီပွဲပြီးတော့ အချိန်အတော်လင့်နေပြီ။

မက်မွန်ပွင့်မျက်ဝန်းပိုင်ရှင် လူငယ်လေးလည်း လန်သခင်လေးနှင့်အတူ စံအိမ်ဆီပြန်ခဲ့သည်။

"ဟန်နီ"

လူငယ်လေးက လန်သခင်လေး၏ လက်မောင်းကို ဖက်ပြီး ခပ်ဖွဖွ ပြောလိုက်သည်။

"ကျွန်တော်က ချင်ကျိုးနဲ့ အဲ့လောက်တောင်တူလား?"

"တူ၊မတူ မင်းစိတ်ထဲ သေချာမသိဘူးလား?"

လန်သခင်လေးက ရယ်သွမ်းသွေးလိုက်ကာ ဖြည်းဖြည်းချင်း ပြောလိုက်သည်။

"ဒါပေမယ့် မင်းက သူ့ထက် ပိုငယ်တယ်"

ချင်ကျိုးမျက်နှာက နည်းနည်း အိုနေပေမယ့် ကုရိဖုန်းကတော့ တော်တော်ငယ်သေးတယ်၊ ခုမှ (၁၉)နှစ်ပဲ ရှိသေးတာ။

အစားထိုးခံရှို​ေလးအဖြစ်မှ သေချင်ယောင်ဆောင်ပြီးနောက် (မြန်မာဘာသာပြန်)Where stories live. Discover now