အပိုင်း (၉)

7.2K 1.1K 106
                                    

((Zawgyi))

အပိုင်း (၉)
ဘာမှလျှောက်မစဉ်းစားနဲ့

👾👾👾

ည(၈)နာရီကျော်တော့ ပင်လယ်ပြင်တစ်ခုလုံး မှောင်မိုက်ကာ အပျော်စီးသင်္ဘောပေါ်တွင် မီးရောင်များ ထိန်ထိန်ညီးနေသည်။

ကိတ်မုန့်စားပွဲတွင် လူတစ်စုက အချင်းချင်း ဆူညံစွာ စကြနောက်ကြရင်း ပျော်ပျော်ရွှင်ရွှင် ဝိုင်းဖွဲ့နေကြသည်။ ထိုလူများ၏ နောက်ဆုံးရှိ ကျန်းလင်က ရွှီချန်ရန့် မရှိတော့တာကို အရင်ဆုံး သတိထားမိသွားသည်။

ကျန်းလင်သည် ဘေးဘီကို လိုက်ရှာကြည့်တော့ နောက်ဆုံးမှာ ချောင်တစ်ချောင်တွင် သွားရပ်နေသည့် လူတစ်ယောက်ကို ရှာတွေ့သွားသည်။ သူက အနားသို့ လျှောက်လာကာ လှမ်းခေါ်လိုက်သည်။

"မရီး...."

ရွှီချန်ရန့်က သူ့ကို ခေါင်းထောင်ကြည့်လိုက်သည်။ သူ့မျက်နှာက ပြုံးထားဆဲပင်။ ထို့နောက် သူက တွေ့ရာ ဆင်ခြေတစ်ခုပေးလိုက်၏။

"နည်းနည်းနေလို့မကောင်းလို့၊ လေညှင်းလာခံနေတာ"

ကျန်းလင်ကလည်း ဘာပြောရမှန်းမသိသည့်အဆုံး ရွှီချန်ရန့်နံဘေးတွင် အဖော်ပြုပေး​လိုက်သည်။ သူက တစ်ချက်တစ်ချက် သူ့ဘေးနားကလူကို လှမ်းပြီး အကဲခတ်​နေသည်။ သို့သော် ရွှီချန်ရန့်မျက်နှာက ဘာမှမဖြစ်သလို အမူအယာကင်းမဲ့နေသည်။

ကျန်းလင်က စိုးရိမ်ပူပန်နေတုန်းပင်။ သူက နံဘေးရှိ လိမ္မော်ရည်တစ်ခွက်ကို ယူကာ ရွှီချန်ရန့်ဆီ ကမ်းပေးလိုက်သည်။

"မရီး၊ အချိုရည်သောက်ဦးမလား?"

ရွှီချန်ရန့်သည် ထိုကလေးကို စိတ်မကောင်းမဖြစ်စေချင်သည့်အတွက် သူ့စေတနာကို လက်ခံကာ ဖန်ခွက်ကို ယူလိုက်သည်။

သို့သော် ရွှီချန်ရန့်က အချိုရည်သောက်ချင်စိတ်မရှိပေ။ သူက သင်္ဘောလက်ရန်းကို မှီကာ သိပ်မဝေးသည့်​နေရာမှ ထွက်ပေါ်လာသော ဆူဆူညံညံအသံများကို နားစွင့်နေသည်။

ထိုအကိုသခင်လေးတစ်စုက စတင်၍ အရက်ပြိုင်သောက်နေကြသည်။ ရွှီချန်ရန့်သည် လက်ထဲရှိ ဖန်ခွက်လေးကို အသာပွတ်ရင်း သူတို့ဘက် လှမ်းကြည့်လိုက်သည့်အခါ ဟယ့်ရန်နှင့် ရှန်ရှိုးကျူတို့ အတူတူရှိနေတာတွေ့ရသည်။

အစားထိုးခံရှို​ေလးအဖြစ်မှ သေချင်ယောင်ဆောင်ပြီးနောက် (မြန်မာဘာသာပြန်)Where stories live. Discover now