အပိုင်း (၉၃)

10.6K 1.7K 95
                                    

((Zawgyi))

အပိုင်း (၉၃)
လေပြင်းထန်သွေးမိုးလျှံ

👾👾👾

ချင်ကျိုးက <<ကျန်းဟူ>> ရိုက်ကူးရေးအဖွဲ့ထဲသို့ တရားဝင်မဝင်ရောက်မီအချိန်၌ <<Fifteen Days>> Vareity Show ၏ပထမပိုင်း ထွက်လာသည်။

ပထမပိုင်း၏နမူနာကို အဆန်းထွင်ကာ ဖေးယွမ်ထွက်လာသည့် မြင်ကွင်းအား အထူးတလည် ရုပ်ပုံဖြင့် အုပ်ကာထားသည်။ ထို့နောက် ဧည့်သည်များက ဖေးယွမ်ကိုမြင်၍ အံ့ဩသွားသည့်အမူအရာများကို တည်းဖြတ်ထည့်သွင်းကာ လျှို့ဝှက်သော ခံစားချက်ကို ပေးစွမ်းနေသည်။

ထိုလျှို့ဝှက်ဧည့်သည်က ဖေးယွမ်မှန်းသိ​နေသော fan တချို့လည်းရှိသည်။ သို့သော် သူတို့က ပရိုဂရမ်အဖွဲ့နှင့်အတူ လျှို့ဝှက်ချက်ကို ထိန်းသိမ်းထားကြသည်။

ပထမအပိုင်း စတင်ထုတ်လွှင့်သည့်အခါ ချင်ကျိုးသည် အချိန်ပေးပြီး အွန်လိုင်းတက်ကာ website မှာ သွားကြည့်ခဲ့သည်။

ပထမပိုင်းအစက ဧည့်သည်တစ်ဦးချင်းစီ၏ နယ်သာလန်နိုင်ငံသို့ ရောက်ရှိလာသည့်မြင်ကွင်းဖြစ်သည်။

ချင်ကျိုး ကြည့်လိုက်တော့ ဒါက သူ့အတွက် ပထမဆုံးအကြိမ် ဒီလို Variety Show မျိုးတွင်ရိုက်ကူးဖူးတာဖြစ်သဖြင့် သူ့မှာ အတွေ့အကြုံနည်းပါးကာ ထိုအချိန်က သူ ကင်မရာရှေ့တွင် ကောင်းကောင်းသရုပ်မဆောင်နိုင်ခဲ့ပေ။ ထို့ကြောင့် နောက်ပိုင်းတည်းဖြတ်မှုများတွင် သူ့အခန်းများ သိပ်မပါလှပေ။

အစပိုင်း၌ bullet screen တွင် ကွန်မန့်အနည်းအကျဉ်းသာရှိပြီး အားလုံးက နယ်သာလန်နိုင်ငံ၏ ရှုမျှော်ခင်းများအကြောင်း ဆွေးနွေးထားကြသည်။

ဖေးယွမ်ပေါ်လာသည့်အခါမှာတော့ ဖန်သားပြင်တစ်ခုလုံး ပြည့်လျှံလို့သွားတော့သည်။

[Male God ဖေးယွမ်ပဲ! ! ! ငါ ဖေးယွမ်ကိုချစ်တယ် ! !]

[ဖေးယွမ်ကို မတွေ့ရတာကြာပြီ! ဒုန်း ဒုန်း ဒုန်း!]

[ဖေးယွမ်ရဲ့မဟေသီ fan လေးက အစီရင်ခံပါတယ်! ကျွန်မယောကျာ်းက ဘာလို့ဒီလောက်ချော​နေရတာလဲ!]

အစားထိုးခံရှို​ေလးအဖြစ်မှ သေချင်ယောင်ဆောင်ပြီးနောက် (မြန်မာဘာသာပြန်)Where stories live. Discover now