အပိုင်း (၁၁၁)

6.5K 1K 66
                                    

((Zawgyi))

အပိုင်း (၁၁၁)
ဘယ်လိုလုပ်အဲ့လောက်အချစ်ကြီးမှာလဲ

👾👾👾

ချင်ကျိုးက ပြုံးပြီး အမျိုးသားကို ခေါင်းညိမ့်ပြလိုက်သည်။ ထို့နောက် လှည့်ထွက်ကာ ဘေးက နားနေရန်နေရာသို့ လျှောက်သွားသည်။

သူက စားပွဲနားကအဖြတ်မှာ ရှန်ပိန်တစ်ခွက် ကိုယူလိုက်ပြီး ဆိုဖာထိုင်ခုံတွေဘက် တစ်ယောက်တည်းထွက်လာသည်။

ချင်ကျိုး နောက်ပြန်လှည့်ကြည့်တော့ တစ်ချက်ကြည့်ရုံဖြင့် လူအုပ်ကြီးအလယ်က အမျိုးသား၏ပုံရိပ်ကို မြင်ရသည်။

ဟယ့်ရန်အနားတွင် ဧည့်သည်များ ဝိုင်းဝိုင်းလည်နေပြီး လူငယ်အမျိုးသား၊ အမျိုးသမီး တော်တော်များများက သူ့နဲ့ စကားပြောခွင့်ရဖို့ ကြိုးစားနေကြသည်။

ဟယ့်ရန်၏မျက်နှာထားက အေးစက်စက်နိုင်နေသည့်တိုင် အဲ့ဒါက ထိုလူများ​၏ စိတ်အားထက်သန်မှုအပေါ် လုံးဝသက်ရောက်မှုမရှိဘဲ အားလုံးက သူတို့ဘက်မှစ၍ ဟယ့်ရန်ကို သိုင်းဝိုင်းကာ စကားဆိုနေကြသည်။

ချင်ကျိုးက ဝိုင်ခွက်ကို ပျင်းရိစွာ ဝှေ့ယမ်းပြီး အဲ့ဒီပုံရိပ်ကို ငေးမောကြည့်နေသည်။

တွေဝေမိန်းမောရင်း သူ့မြင်ကွင်းတွေက သူ အသက် (၁၈)နှစ်အရွယ် ဟယ့်ရန်ကို ပထမဆုံးစတွေ့ခ့ဲတဲ့ အဲ့ဒီနှစ်ကို ပြန်ရောက်သွားသယောင် ---

ဂုဏ်သရေရှိရှိ မာနကြီးပုံရသော အမျိုးသားသည် လူအုပ်ကြီးအလယ်တွင် မားမားမတ်မတ်ရပ်နေကာ ကြည့်ရတာ အေးစက်စက်နိုင်၍ ချဉ်းကပ်ရခက်မည့်ပုံပင်။

သူတို့နှစ်ယောက်က အစကတည်းက မတူညီတဲ့ကမ္ဘာနှစ်ခုက လူတွေပဲ၊ အစကတည်းက မပတ်သတ်ခဲ့သင့်ဘူး။

အရာအားလုံးက ဟိုးအစကို နောက်တစ်ခါ ပြန်ရောက်သွားသလိုပဲ။

လူတိုင်းက ကိုယ့်လမ်းကိုယ်လျှောက်ပြီး ကိုယ့်ဟာနဲ့ကိုယ် အဆင်ပြေနေကြပြီ။

👾👾👾

ညစာစားပွဲမပြီးခင် ဟယ့်ရန်က အရင်ပြန်သွားသည်။

အစားထိုးခံရှို​ေလးအဖြစ်မှ သေချင်ယောင်ဆောင်ပြီးနောက် (မြန်မာဘာသာပြန်)Where stories live. Discover now