အပိုင်း (၁၂၁)

4.8K 756 61
                                    

((Zawgyi))

အပိုင်း (၁၂၁)
ကြေးမုံမှန်ကွဲ (၈) - ကလေးကို ပြန်ခေါ်မယ်

👾👾👾

ဟယ့်ရန်က ကလေးကို စောင်သေချာခြုံပေးပြီး ခုံမှာပြန်ထိုင်လိုက်သည်။ အဲနောက် သူက tablet ပြန်ကိုင်ပြီး ကလေးကိုချော့သိပ်ဖို့ ပုံပြင်ဆက်ဖတ်လိုက်သည်။

ရွှီချန်ရန့်လည်း ကုတင်ပေါ်လှဲရင်း အဲကလေးအိပ်ရာဝင်ပုံပြင်ကို တကယ် ဆက်နားမထောင်နိုင်တာနဲ့ မနေနိုင်တဲ့အဆုံး ပြောလိုက်သည်။

"မဖတ်ပြနဲ့တော့"

ဟယ့်ရန်က သူ့ကို လှမ်းကြည့်ပြီး မေးသည်။

"နားမထောင်တော့ဘူးလား?"

"နားမထောင်တော့ဘူး"

ရွှီချန်ရန့် ကိုယ်ကိုဘေးစောင်းကာ စောင်ထဲက​နေ လက်တစ်ဖက်ထုတ်ပြီး ကုတင်ဘေးစားပွဲပေါ်တင်ထားတဲ့ ဖုန်းကို ဟိုစမ်းဒီစမ်းနဲ့ လှမ်းယူလိုက်သည်။ အဲနောက် သူ နာရီကြည့်လိုက်တော့ အချိန်က ည (၁၁)နာရီထိုးခါနီးနေပြီ။

ဒါပေမယ့် သူက အခုချိန်ထိ မအိပ်ချင်သေးတာနဲ့  weibo ထဲဝင်ကာ hot search ကိုကြည့်လိုက်သည်။

ဘေးကဟယ့်ရန်က ရွှီချန်ရန့် ဘာလုပ်နေမှန်း သိသွားတော့ အနားတိုးလာပြီး သူ့ဖုန်းကိုသိမ်းလိုက်ကာ မျက်မှောင်ကြုတ်ပြီး ပြောသည်။

"အိပ်တော့၊ ဖုန်းမ​ဆော့နဲ့"

"အိပ်လို့မပျော်ဘူး"

ရွှီချန်ရန့်က မျက်လုံးလေးပြူးကာ လက်တစ်ဖက်ကလည်း ခြုံစောင်ပေါ်မှာတင်လျက်သား။

ဒါနဲ့ ဟယ့်ရန်က သူ့လက်ကို စောင်ထဲပြန်ထည့်ပြီး စောင်ကို သေချာခပ်တင်းတင်းပြန်ခြုံကာ မနှေးမမြန်ပြောလိုက်သည်။

"ဒါဆို မျက်လုံးတွေမှိတ်ထား"

ရွှီချန်ရန့်လည်း နည်းနည်းငြီးငွေ့လာတာကြောင့် နောက်ဆုံးမှာ မျက်လုံးတွေမှိတ်လိုက်သည်။

ဟယ့်ရန်က သူ့ဘေးမှာနေပြီး သူ့လက်ဖဝါးနဲ့ လူငယ်လေးကျောကို ဖွဖွလေးပုတ်ပေးလိုက်သည်။

နောက်တော့ အိပ်ရာပေါ်ကလူငယ်လေးက မျက်လုံးမှိတ်ထားရင်း အသက်ရှုသံတွေ ဖြည်းဖြည်းမှန်မှန်ဖြစ်လာကာ တဖြည်းဖြည်း အိပ်ပျော်သွားသည်။

အစားထိုးခံရှို​ေလးအဖြစ်မှ သေချင်ယောင်ဆောင်ပြီးနောက် (မြန်မာဘာသာပြန်)Where stories live. Discover now