အပိုင်း (၁၂)

8K 1K 49
                                    

((Zawgyi))

အပိုင်း (၁၂)
အနမ်းတစ်ပွင့်တောင်းဆိုခြင်း

👾👾👾

ဟယ့်ရန်သည် ရွှီချန်ရန့်ကို ကြည့်ကာ မေးလိုက်၏။

"ဘာလိုလုပ် ဒီကိုရောက်နေတာလဲ?"

"ကျန်းလင်က အစာနဲ့ဓာတ်မတည့်ဖြစ်သွားလို့၊ ကျွန်တော် သူ့ကို ဆေးရုံလိုက်ပို့​တာ"

ရွှီချန့်ရန့်က မျက်လွှာချလိုက်သည်။

"ဓာတ်မတည့်ဘူး?"

ဟယ့်ရန်က အနည်းငယ် မျက်မှောင်ကြုတ်လိုက်ကာ:

"သူအခု ဆေးရုံမှာလား?"

"အင်း"

ရွှီချန်ရန့်က အသံပြုကာ တုန့်ပြန်လိုက်သည်။

"ဆေးချိတ်ထားတုန်းပဲ"

ဘေးနားမှာရပ်နေသည့် ရှန်ရှိုးကျုက အနည်းငယ် အံ့အားသင့်သွားကာ ဟယ့်ရန်ကို ကြည့်လိုက်ရင်း:

"သွားကြည့်ကြမလား?"

ဟယ့်ရန်: "အင်း"

ရွှီချန်ရန့်သည် သူတို့နှစ်ဦးကြားရှိ ရင်းနှီးကျွမ်းဝင်သည့် လေထုကိုကြည့်ပြီး ဘာစကားမှ မပြောတော့ပေ။ သူက ဒီအတိုင်း နောက်ပြန်လှည့်လိုက်ကာ သူတို့နှစ်ဦးကို (၃)ထပ်ရှိ လူနာဆောင်ဆီသို့ လမ်းပြခေါ်လာခဲ့သည်။ ထို့နောက် သူက အခန်းတံခါးဖွင့်ကာ အထဲသို့ဝင်လိုက်သည်။

ကျန်းလင်မှာ လူနာကုတင်ပေါ်လှဲလျောင်းရင်း ပျင်းပျင်းရှိသည်နှင့် သူ့လက်ကိုင်ဖုန်းက​နေ ဂိမ်းဆော့နေသည်။ သူက ရွှီချန်ရန့် ပြန်လာတာမြင်တော့ ချက်ချင်း အော်ခေါ်လိုက်သည်။

"မရီး --"

ကျန်းလင်က အော်ခေါ်အပြီးမှာ ရွှီချန်ရန့်အနောက်မှ ဟယ့်ရန်ပါလာတာ တွေ့သွားသည်။

အဲ့ဒီနောက် ဟယ့်ရန်၏ အနောက်မှ လိုက်ပါလာသူက ရှန်ရှိုးကျူ။

ကျန်းလင်သည် ရှန်ရှိုးကျူ ပါလာတာမြင်တော့ ခဏလောက် မှင်သက်သွားသည်။ သူက ထိုလူသုံးယောက်၏ မျက်နှာတွေကို ခေါက်တုန့်ခေါက်ပြန့် ကြည့်​နေသည်။

ရှန်ရှိုးကျူသည် လူနာဆောင်ထဲသို့ ဝင်လာသည်နှင့် ကုတင်ပေါ်ကလူကိုမြင်တော့ ရုတ်တရတ် မမှတ်မိနိုင်ဖြစ်သွားသည်။ သူက လှမ်းခေါ်လိုက်၏။

အစားထိုးခံရှို​ေလးအဖြစ်မှ သေချင်ယောင်ဆောင်ပြီးနောက် (မြန်မာဘာသာပြန်)Where stories live. Discover now