အပိုင်း (၁၀၃)

13.6K 1.7K 97
                                    

((Zawgyi))

အပိုင်း (၁၀၃)
အငြိမ်းစားယူမယ်

👾👾👾

ဟိုတယ်၌။

ချင်ကျိုးသည် ဆိုဖာကိုမှီရင်း weibo ကိုလှန်လျောကာ Hot Search ကိုတွေ့ပြီးပြီဖြစ်သည်။

အေးဂျင့်က ဘေးနားမှာရှိနေပြီး အမြန်ပြောသည်။

"မင်းနဲ့ ဖေးယွမ် မနေ့က ဘယ်လိုဖြစ်တာလဲ!"

"မတော်တဆ သောက်တာများသွားတာ!"

ချင်ကျိုးက မျက်ခုံးများကို နှိပ်နယ်လိုက်သည်။

"မင်းသောက်တာများသွားရင် ငါ့ကို ဘာလို့ ဖုန်းမဆက်တာလဲ! ငါ မင်းကို လာကြိုမှာပေါ့!"

ချင်ကျိုးက စိတ်ရှည်ရှည် ရှင်းပြသည်။

"သိပ်မဝေးဘူးလေ၊ ဒါရိုက်တာဟဲတို့အားလုံးလည်း လမ်းလျှောက်ပြန်ကြတာ"

ညစာစားပွဲကျင်းပသည့်နေရာက ဟိုတယ်နဲ့ သိပ်မဝေးတာကြောင့် လမ်းလျှောက်ပြန်တာက ပိုအဆင်ပြေသည်။

နောက်ပြီး အဲ့ဒီအချိန်က သူနဲ့ဖေးယွမ်အပြင် ရိုက်ကွင်းက အခြားသူတွေပါ အားလုံးအတူတူပြန်လာတာဖြစ်သည်။ ဒါပေမယ့် သတင်းသမား(Paparazzi)တွေက သူနဲ့ဖေးယွမ် နှစ်ယောက်တည်းကိုသာ ကင်မရာမြင်ကွင်းထဲထည့်၍ ဓာတ်ပုံရိုက်ယူခဲ့သည်။

"ဒါဆိုလည်း မင်းတို့နှစ်ယောက်က ဘာလို့တစ်ယောက်ကိုတစ်ယောက် ဖက်ထားရတာလဲ!"

အေးဂျင့်က ဒေါသထွက်မဆုံးဖြစ်ကာ ဖုန်းထဲက ဓာတ်ပုံကို လက်ညှိုးထိုးပြသည်။

ချင်ကျိုးက ဖုန်း screen ကိုတစ်ချက်ကြည့်လိုက်ကာ ပြောသည်။

"မဖက်ပါဘူး၊ အဲ့ဒါ ဆရာဖေးက ကျွန်တော့်ကို ကူတွဲထားတာ"

ချင်ကျိုးက အနားတိုးကာ ဓာတ်ပုံကို အထူးတလည် zoom ဆွဲ၍ နေရာတစ်ခုကို ထောက်ပြပြီး ပြောသည်။

"ဖန်ကော၊ အစ်ကိုကြည့်လေ၊ ဆရာဖေးရဲ့ လက်တွေက ကျွန်တော့်ကိုယ်ပေါ်မှာမရှိဘူး"

အေးဂျင့်က သေချာလိုက်ကြည့်သော်လည်း ဘာကွာခြားမှုမှမတွေ့ပေ။

ဘယ်လိုပဲဖြစ်ဖြစ် ဓာတ်ပုံကိုကြည့်ရင်တော့ ချင်ကျိုးနဲ့ဖေးယွမ်က အချင်းချင်း ပွေ့ဖက်နေကြသည့် အနေအထားဖြစ်သည်။

အစားထိုးခံရှို​ေလးအဖြစ်မှ သေချင်ယောင်ဆောင်ပြီးနောက် (မြန်မာဘာသာပြန်)Where stories live. Discover now