အပိုင်း (၅၅)

10.4K 1.5K 80
                                    

((Zawgyi))

အပိုင်း (၅၅)
ခြေထောက်ပေါ်ကအမာရွတ်

👾👾👾

ဒါပေမယ့် နောက်ဆုံးမှာတော့ ဟယ့်ရန်က ဘာမှမလုပ်ဘဲ လူငယ်လေး၏ လက်ကိုဆုပ်ကိုင်ရင်းသာ ဆက်လက်အဖော်ပြုပေးလိုက်သည်။

မနက်လင်းအားကြီးအချိန်ရောက်တော့ လူနာကုတင်ပေါ်က လူငယ်လေးက အိပ်ရာမှပြန်နိုးလာသည်။

ချင်ကျိုး ခန္ဓာကိုယ်ကို လှုပ်ရှားလိုက်တော့ သူ့ညာဘက်လက်ကို တစ်စုံတစ်ယောက်က ဆုပ်ကိုင်ထားသည်ကို ခံစားရသဖြင့် အော်ခေါ်လိုက်သည်။

"ကျန်းလင်?"

ကုတင်နားရှိ ထိုလူက စကားမပြောဘဲ အနားသို့ အနည်းငယ် တိုးလာကာ လူငယ်လေးကိုယ်ပေါ်ရှိ စောင်ကို အပေါ်ကို အနည်းငယ် ဆွဲခြုံပေးလိုက်သည်။

ချင်ကျိုးကလည်း ဒီလူက ကျန်းလင်မဟုတ်မှန်း သိတာကြောင့် မေးလိုက်သည်။

"ဘယ်နှနာရီထိုးပြီလဲ?"

ချင်ကျိုးက ခဏစောင့်လိုက်ပြီး သူ့ဘေးနားက တရွှမ်းရွှမ်း လှုပ်ရှားသံထွက်လာတာကို သတိပြုမိသည်။

အဲ့ဒီနောက် ချင်ကျိုးသည် စက်မှထွက်လာသည့် အမျိုးသမီးသံတစ်ခုက အချိန်နာရီ ကြေညာလိုက်သံကို ကြားရသည်။ --

[နံနက် (၃)နာရီ]

ချင်ကျိုးက ကိုယ်ကိုထောက်၍ထကာ ကုတင်ကို ဖြည်းညင်းစွာ မှီထိုင်လိုက်ပြီး မျက်စိအကာကို ဖြုတ်လိုက်သည်။

ချင်ကျိုး မျက်တောင်ခတ်လိုက်သည့်အခါ သူ့ကိုယ်သူ အနည်းငယ် မြင်နိုင်လာသလို ခံစားရသည်။ သို့နှင့် သူက ဘေးနားကလူကို ပြောလိုက်သည်။

"အခန်းမီးဖွင့်ပေးလို့ရမလား?"

မူလက အခန်းထဲတွင် နွေးထွေးသော အဝါရောင်မီးအိမ်လေးသာ ဖွင့်ထားခဲ့ပြီး ဟယ့်ရန်က နေရာမှထကာ အခန်းမီးကြီးကို ဖွင့်လိုက်သည်။

ချင်ကျိုးသည် မီးအလင်းရောင်၏ လှုံဆော်မှုကို မခံနိုင်သဖြင့် မျက်လုံးများကို ချက်ချင်းမှိတ်ကာ လက်ကို အမြန်မြှောက်ပြီး မျက်လုံးတွေပေါ်မှာ ကွယ်လိုက်သည်။ သူက အလင်းရောင်နဲ့ အသားကျသွားမှ ဘေးပတ်လည်ကို ဖြည်းညင်းစွာ ကြည့်လိုက်သည်။

အစားထိုးခံရှို​ေလးအဖြစ်မှ သေချင်ယောင်ဆောင်ပြီးနောက် (မြန်မာဘာသာပြန်)Where stories live. Discover now