အပိုင်း (၁၀၀)

10.8K 1.7K 104
                                    

((Zawgyi))

အပိုင်း (၁၀၀)
ထပ်မတွေ့တော့ဘူး

👾👾👾

"ဟမ်?"

"အဲ့ဒီနေ့ကကိစ္စအတွက် ကျေးဇူးတင်ပါတယ်"

ချင်ကျိုးက ပြုံးလိုက်သည်။

"ကျွန်တော် ခင်ဗျားအပေါ်ကြွေးတင်သွားပြီ"

ဟယ့်ရန်က အကြည့်လွှဲကာ ဘာမှမပြောပေ။

ချင်ကျိုးက ထပ်ပြီးပြောသည်။

"တကယ်လို့ တစ်ခုခုလိုအပ်ရင် ကျွန်တော့်ကို ပြောလို့ရပါတယ်၊ ကျွန်တော် ခင်ဗျားကို ကျေးဇူးပြန်ဆပ်မယ်"

ဟယ့်ရန်: "မလိုပါဘူး"

"ကျွန်တော် ခင်ဗျားကို အကြွေးတင်နေတယ်လေ"

ချင်ကျိုးက ခေါင်းခါလိုက်သည်။ သူ့သဘောထားက ခါတိုင်းထက်ပိုခိုင်မာနေသည်။

"ကျေးဇူးက ပြန်ဆပ်ရမယ်"

အဲ့ဒီနေ့က မီးထဲမှာ မီးခိုးအလွန်ထူထပ်​ပြီး မျက်လုံးဖွင့်ဖို့ အလွန်ခက်ခဲတာကြောင့် ဘာမှမမြင်ရပေ။ လူတစ်ယောက်က သူ့အား ကယ်တင်ခဲ့တာကိုသာ သူ မှတ်မိနေသည်။

သို့သော် သတိရလာသည့်အခါ သူမြင်လိုက်ရတာက ဖေးယွမ်ဖြစ်နေသည်။

ထိုအချိန်တွင် လူတော်တော်များများက ဖေးယွမ်က သူ့ကိုပွေ့ချီ၍ မီးထဲမှ ထွက်လာသည့် မြင်ကွင်းကို ဗွီဒီယိုရိုက်ကူးထား​ပြီး အားလုံးက ဖေးယွမ်က သူ့ကို ကယ်တင်ခဲ့တာလို့ ပြောခဲ့သည်။

သူလည်း အစတုန်းက သူ့ကို သစ်သားတန်းကနေ ကာကွယ်ပေးခဲ့​တဲ့လူက ဖေးယွမ်ဟုထင်ခဲ့သည်။ ဒါပေမယ့် နောက်ပိုင်းမှာ သေချာပြန်စဉ်းစားကြည့်တော့ ဒါက သိပ်မမှန်ဘူးလို့ သူခံစားရသည်။

တချို့ကိစ္စတွေက နည်းနည်းစပြီး သံသယဝင်တာနဲ့ သဲလွန်တွေ အများကြီး ရှာဖွေတွေ့ရှိလာတတ်သည်။

အမှန်တော့ သူနှင့်ဟယ့်ရန်သည် နှစ်ဦးကြား အလွန်ရင်းနှီး​နေကာ မျက်လုံးများမှိတ်ထားရင်တောင် မှတ်မိနိုင်သည်အထိပင်။

သူ့ကို ကယ်ခဲ့တဲ့လူက ဟယ့်ရန်ပဲ ဖြစ်လိမ့်မည်။

နောက်ပိုင်းတွင် သူက အင်တာနက်မှ မီးလောင်မှုမြင်ကွင်းဗွီဒီယိုများစွာကို ရှာဖွေ၍ ရှုထောင့်အမျိုးမျိုးကနေ အားလုံးကို တစ်ခေါက်ကြည့်ခဲ့သည်။ နောက်ဆုံးမှာ ဟယ့်ရန်ပေါ်လာသည့် သက်သေအထောက်အထားကို သူ ရှာတွေ့ခဲ့သည်။ ---

အစားထိုးခံရှို​ေလးအဖြစ်မှ သေချင်ယောင်ဆောင်ပြီးနောက် (မြန်မာဘာသာပြန်)Where stories live. Discover now