အပိုင်း (၃၆)

10.9K 1.3K 51
                                    

((Zawgyi))

အပိုင်း (၃၆)
နွေးထွေးသော ပွေ့ဖက်မှု

👾👾👾

ကျန်းလင်သည် ချင်ကျိုး၏ ဓာတ်ပုံများကို ကြည့်ရင်း ချက်ချင်း အံ့ဩမှင်သက်လာသည်။

ဒီကမ္ဘာပေါ်မှာ......... ရုပ်ချင်း တစ်ထပ်တည်းတူတဲ့ သူစိမ်းနှစ်ယောက်ဆိုတာ ရှိနိုင်ပါ့မလား?

ကျန်းလင်သည် ထိုင်ခုံမှာထိုင်လျက်သား ကြောက်အမ်းနေကာ အသိပြန်မဝင်နိုင်သေးပေ။

တကယ်လို့များ အဲ့ဒီအချိန်တုန်းက သူကိုယ်တိုင် မရီးရဲ့ရုပ်အလောင်းကို မျက်စိနဲ့ တပ်အပ်မမြင်ခဲ့ရင်၊ ရုပ်အလောင်း မီး
သင်္ဂြိုဟ်တာကို သူကိုယ်တိုင် မမြင်ခဲ့ရရင်၊ သူ ဒီဓာတ်ပုံထဲကလူကို သူ့မရီးလို့ပဲ ထင်​မိမှာ။

ကျန်းလင်သည် အလုပ်စားပွဲရှေ့၌ အချိန်အကြာကြီးထိုင်ပြီး ချင်ကျိုး၏ ဓာတ်ပုံများကို အပြန်ပြန်အလှန်လှန်ကြည့်ကာ ​ကြည့်လေ ပိုတူလေ ဖြစ်လာသည်။

မတူသည့် တစ်ခုတည်းသောအချက်က ချင်ကျိုးနှင့် မရီးသည် ပြုမူပြောဆိုပုံ ဟန်ပန်အမူအရာများ သိပ်မတူကြပေ။

ချင်ကျိုးသည် အနုပညာရှင်တစ်ယောက်ဖြစ်သည့်အတွက် မိတ်ကပ်ပြင်လိုက်သည့်အခါ မျက်နှာသွင်ပြင်များ ပိုမိုပေါ်လွင်လာသည်ဟု ခံစားရပြီး၊ မရီးကတော့ ရိုးရိုးသာမာန် စန္ဒရားတီးသင်သည့် ဆရာတစ်ယောက်သာဖြစ်ကာ သူ၏အမူအယာများက အနည်းငယ် ညင်သာပျော့ပျောင်း​ပေသည်။

သို့သော် ကျန်းလင်က မနေနိုင်သဖြင့် သူ့လုပ်ဖော်ကိုင်ဖက်ဘက် လှည့်ပြီး မေးလိုက်သည်။

"ဒီကမ္ဘာပေါ်မှာ ရုပ်ချင်းအရမ်းတူတဲ့ သူစိမ်းနှစ်ယောက်ဆိုတာ ရှိနိုင်လား?"

"ရှိတာပေါ့"

ဘေးနားရှိ လုပ်ဖော်ကိုင်ဖက်က ခေါင်းညိမ့်​လိုက်ကာ အခွင့်အရေးကို အမိအရယူကာ ပြောလိုက်သည်။

"အနုပညာအသိုင်းအဝိုင်းထဲမှာ ရုပ်ချင်းတူတဲ့ စတားတွေမှ အများကြီးပဲ၊ ခဏခဏ တူနေလို့၊ အမြဲတမ်း လွယ်လွယ်နဲ့ လူမှားကြတယ်"

အစားထိုးခံရှို​ေလးအဖြစ်မှ သေချင်ယောင်ဆောင်ပြီးနောက် (မြန်မာဘာသာပြန်)Where stories live. Discover now